ဒီနေ့ကစားမယ့်ပွဲမှာ သွင်းယူနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

ရော်နယ်ဒိုက ပထမအကြိမ်ယူနိုက်တက်ကစားသမားဘ၀မှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲအထိ ရင်ဆိုင်ထားခဲ့ဖူးပေမယ့် ဂိုးလုံး၀မသွင်းယူနိုင်ခဲ့ဘဲ ဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။


ဒီနေ့ညမှာတော့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ စတန်းဖို့ဘရစ်ချ်မှာ ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲဟာ ယူနိုက်တက်အတွက်တော့ အမှတ်ပေးပွဲတွေမှာ တောက်လျှောက်ရလဒ်ဆိုးရွားနေခဲ့မှုတွေကို အဆုံးသတ်ပစ်ဖို့အတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေပေမယ့် ပြိုင်ဘက်က ခြေစွမ်းမာကျောပြီး ကောင်းမွန်နေတဲ့ ချယ်လ်ဆီးဖြစ်နေလို့ အဝေးကွင်းမှာ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ 



ယူနိုက်တက်အတွက် ရုန်းကန်ရမယ့်နည်းတူ အသင်းရဲ့အဓိကတိုက်စစ်မှူးရော်နယ်ဒိုကလည်း သူ့ရဲ့စံချိန်မှတ်တမ်းဆိုးကို ပယ်ဖျက်ပစ်ရဖို့အတွက် ရှိနေခဲ့ပါတယ်။ ကစားသမားဘ၀မှာ ကလပ်နဲ့နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၇၉၉ ဂိုးအထိ သွင်းယူထားတဲ့ ရော်နယ်ဒိုက ၈၀၀ ပြည့်မြောက်စေမယ့်ဂိုးကို ဒီပွဲမှာ သွင်းယူနိုင်ဖို့လည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

ဒါပေမယ့် သူ့ရဲ့ ပစ်မှတ်ကို အဟန့်အတားဖြစ်နေစေတဲ့ မှတ်တမ်းကတော့ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးကို သူ ဂိုးလုံး၀မသွင်းယူနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ ရော်နယ်ဒိုက ပထမအကြိမ်ယူနိုက်တက်ကစားသမားဘ၀မှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲအထိ ရင်ဆိုင်ထားခဲ့ဖူးပေမယ့် ဂိုးလုံး၀မသွင်းယူနိုင်ခဲ့ဘဲ ဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အခြားသောပြိုင်ပွဲတွေကို ကြည့်မယ်ဆိုရင်လည်း ၁ ဂိုးသာ ရယူထားနိုင်ခဲ့ပြီး အဆိုပါဂိုးက ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီလိုမှတ်တမ်းဆိုးတွေရှိနေသလို လက်ရှိမှာလည်း အကောင်းဆုံးခြေစွမ်းတွေရနေတဲ့ ချယ်လ်ဆီးကိ သူ ဂိုးသွင်းနိုင်ပါ့မလားဆိုတာက သံသယဖြစ်ဖွယ်ရာရှိနေပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၀ဂိုးအထိ ရော်နယ်ဒိုက ရယူပေးထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ မန်စီးတီး၊ လီဗာပူးလ်တို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ သူ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။
 


ကိုယ့်ထက်ခြေစွမ်းသာတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်ဆိုးနေတဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံးအသင်းဖြစ်နေတဲ့ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာက ပိုပြီးစိုးရိမ်ဖွယ်ရာပါပဲ။ ရော်နယ်ဒိုအတွက်လည်း ချယ်လ်ဆီးကို ဂိုးသွင်းယူနိုင်ဖို့က အရင်ပွဲတွေထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်း၊ အားထုတ်မှုနဲ့ ထောက်ပံ့ပေးမှုတွေရရှိမှသာ ဖြစ်နိုင်ဖွယ်ရာရှိနေပါတယ်။ 

Share

Loading Next Article...
က္က