တန်ဟက်ခ်က သတ္တိရှိရှိပဲ ကိုင်တွယ်နေတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အသင်းရဲ့ နာမည်ကျော်ကြယ်ပွင့် ရော်နယ်ဒိုကို ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ ဆက်တိုက် အရန်ခုံထိုင်ခိုင်းထားတဲ့အပေါ် နယ်သာလန်လူမျိုးနည်းပြ ဖိုပီဒီဟန်က ချီးကျူးပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့ပွဲကလို့ ကျန်တဲ့ပွဲအားလုံးမှာ အရန်ခုံထိုင်ခဲ့ရတာပါ။



တန်ဟက်ခ်ဟာ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ကိုသာ တိုက်စစ်မှာ အဓိကဦးစားပေးသုံးစွဲနေပြီး ယူရိုပါလိဂ်မှာတော့ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုအားလုံးကို လွဲချော်ခဲ့ပြီး ဒီအကြောင်းပြချက်နဲ့ပဲ တန်ဟက်ခ်က ရော်နယ်ဒိုကို အခုလိုမျိုး အရန်ခုံပို့ထားတယ်လို့ ယုံကြည်ရပါတယ်။

ဒီလိုမျိုး တန်ဟက်ခ်ရဲ့ ရဲရင့်တဲ့ဆုံးဖြတ်ချက်အပေါ်မှာ ဖိုပီဒီဟန်က “ဖာဂူဆန်နောက်ပိုင်းမှာ ယူနိုက်တက်နည်းပြတွေက ဒီကစားသမားတွေရဲ့ ပြဿနာ အများအပြားကို ဖြေရှင်းခဲ့ရပါတယ်။ ဒါပေမယ့် တန်ဟက်ခ်က အရမ်းကို ရှင်းလင်းပြတ်သားပြီး ရော်နယ်ဒိုကိစ္စကို ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါက ကောင်းမွန်တဲ့ကိစ္စပါ”

“ရော်နယ်ဒိုက အာဆင်နယ်နဲ့ပွဲမှာလည်း အရန်ခုံထိုင်နေရပြီး တန်ဟက်ခ်တယောက်လည်း ထပ်မံပြုံးပျော်နိုင်ခဲ့ပါတယ်။ ယုံကြည်မှုဆိုတာက အရမ်းအရေးကြီးတဲ့ ကိစ္စပါ။ တခါတလေမှာ လူတွေက တန်ဟက်ခ်ကို ဘယ်လိုလူမျိုးလဲလို့ တွေးနေကြမှာပါ။ ဒါပေမယ့် သူက ဘောလုံးအကြောင်းနဲ့ပဲ စကားစပြောပြီး တမိနစ်လောက်အတွင်းမှာတင် တန်ဟက်ခ် ဘာလိုချင်တယ်ဆိုတာကို အားလုံးက သိသွားကြပါတယ်”

“တန်ဟက်ခ်ဆီမှာ စိတ်ကူးစိတ်သန်းတွေရှိပြီး ဒါကို လေ့ကျင့်ပေးနိုင်ပါတယ်။ သူက ကစားသမားတွေဆီက တောင်းဆိုမှုမြင့်မားပြီး သူလိုချင်တဲ့၊ လုပ်ချင်တဲ့အရာကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါတယ်။ ဘောလုံးလောက,က ဘယ်ကိုဦးတည်နေလဲ၊ နေရာလွတ် အသေးလေးတွေကအစ၊ ကြံ့ခိုင်မှုအဆုံး သူအမြဲ သတိထားပါတယ်။ သူပြောဖူးတာ တခုရှိပါတယ်။ ခင်ဗျားအနေနဲ့ သတ္တိရှိဖို့လိုအပ်တယ်ဆိုပြီးတော့ပေါ့” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က