တိုနေးကို အရခေါ်ခိုင်းနေတာဖြစ်ပါတယ်။

ပီတာဘရော့ချ်ရဲ့ ဥက္ကဌ မက်အန်သိုနီကတော့ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန် စိန်ခေါ်ချင်တယ်ဆိုရင် အိုင်ဗန်တိုနေးကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အန်သိုနီဟာ (၂၀၀၆) ခုနှစ်ကတည်းက ပီတာဘရော့ချ်ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။



အိုင်ဗန်တိုနေးဟာ (၂၀၁၈) ခုနှစ်ကနေ (၂၀၂၀) ခုနှစ်အထိ ပီတာဘရော့ချ်မှာ နှစ်ရာသီအကြာ လာရောက်ကစားခဲ့ဖူးပါတယ်။ အဆိုပါ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အာဆင်နယ်၊ ချဲလ်ဆီးတို့အပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ တိုနေးကို အာဆင်နယ်က ခေါ်ယူတော့မှာ မဟုတ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ တိုနေးဟာ လောင်းကစားမှုပြဿနာကြောင့်လည်း ကာလအတိုင်းအတာတစ်ခုအထိ ပွဲပယ်ခံရဖူးတဲ့ ကစားသမားတစ်ယောက်ပါ။​ အန်သိုနီကတော့ တိုနေးနဲ့ ပတ်သက်လို့ ယုံကြည်ချက်ရှိနေပါတယ်။

အန်သိုနီက “တိုနေးက အာဆင်နယ်မှာပဲဖြစ်ဖြစ်၊ လီဗာပူး ဒါမှမဟုတ် ယူနိုက်တက်မှာပဲဖြစ်ဖြစ် ထည့်ကစားလိုက်ရင် သူက တစ်ရာသီကို ပရီးမီးယားလိဂ်သွင်းဂိုး (၃၀) လောက်အထိ သွင်းယူနိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဒီစကားကို သဘောမတူတဲ့သူကလည်း နောက်ဆုံး (၂) နှစ်ခွဲအတွင်း ဘောလုံးပွဲမကြည့်တဲ့သူပါပဲ”

“ကမ္ဘာပေါ်မှာ သူ့ကို ခေါ်ယူနိုင်တဲ့အသင်းက (၅) သင်းလောက်အထိ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဘယ်အသင်းကိုမဆို တော်တော်ကြီး တိုးတက်စေမယ့် ကစားသမားမျိုးပါ။ ယူနိုက်တက်ကိုလည်း ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် သူက ပြောင်းလဲပေးနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က