အသင်းဟောင်းရဲ့ ရလဒ်တွေအတွက် ကျေနပ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းက သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ စပါးထက်ပိုပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိစေချင်တဲ့ အသင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ စပါးကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးက သူက စပါးပွဲတွေကို စောင့်ကြည့်နေပြီး အသင်းပရိသတ်တဦးဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

ကိန်းဟာ စပါးမှာ ကာလရှည်ကစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် အောင်မြင်မှုရဖို့အတွက် ဘိုင်ယန်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ ဘိုင်ယန်မှာလည်း သူက ခြေစွမ်းပြကစားနေပြီး သူ့အသင်းဟောင်း စပါးကလည်း ဒီရာသီပရီးမီးယားလိဂ်မှာ နည်းပြသစ်အန်ဂီလက်အောက် ရလဒ်ကောင်းတွေပိုင်ဆိုင်နေပြီး အခုချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။

အင်္ဂလန်အတွက် ကစားပေးဖို့ ပြန်ရောက်လာတဲ့ ကိန်းက "မြင်တွေ့နေရတာက တကယ်ကို ခမ်းနားပါတယ်၊ နည်းပြက အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ လုပ်ပြနေပြီး သူတို့ကစားတာကလည်း အရမ်းကောင်းနေတယ်၊ ပရိသတ်တွေကလည်း အသင်းနောက်မှာ ရှိနေပြီး ဒါက ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက လိုအပ်ခဲ့တဲ့ အရာပါ"

"စပါးကို ကျနော် အမြဲတမ်းစောင့်ကြည့်နေမှာပါ၊ သွားရမယ့်ခရီးက ဝေးနေသေးပေမယ့် အန်ဂီပြောသလိုပါပဲ၊ ပရိသတ်တွေအနေနဲ့ လက်ရှိ အသင်းပုံစံအတွက် စိတ်လှုပ်ရှားစရာမရှိဘူးဆိုတဲ့ အကြောင်းပြချက်မရှိပါဘူး၊ သူတို့ ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"


"ကျနော်က စပါးပရိသတ်ပါ၊ သူတို့ ကောင်းကောင်းလုပ်နေတာကိုပ​ဲ မြင်ချင်ပါတယ်။ စပါးထက်ပိုပြီး ပရီးမီးယားလိဂ်ဖလားကို ကျနော် ရယူစေချင်တဲ့ အသင်းဆိုတာမရှိပါဘူး" လို့ ကိန်းက ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က