ဂွါဒီယိုလာက နောက်ထပ်အငြင်းပွားစရာအနေနဲ့ ပြောလာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား မယူနိုင်ခဲ့ရင် ကျရှုံးပြီလို့ ဆိုနိုင်မလားဆိုတဲ့ မေးခွန်းတွေအပေါ် ပြန်လည် တုံ့ပြန်လာပါတယ်။ မန်စီးတီးတို့ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဂွါဒီယိုလာသာ မန်စီးတီးမှာ ချန်ပီယံလိဂ်ဖလား မရယူနိုင်ခဲ့ရင် ကျရှုံးပြီလို့ အားလုံးက ဝေဖန်နေကြတာပါ။



ဂွါဒီယိုလာဟာ မန်စီးတီးမှာ စိတ်တိုင်းကျ ငွေကြေးသုံးစွဲခွင့်ရရှိထားပေမယ့် ရေနံသူဌေးတွေ မျှော်လင့်နေတဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့တော့ တေ့လွဲ,လွဲနေဆဲဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။

အချို့ မန်စီးတီးပရိသတ်တွေဆိုရင် ဂွါဒီယိုလာကို မန်စီးတီး နည်းပြ ရာထူးကနေ ထုတ်ပယ်ဖို့အထိ တောင်းဆိုလာတာမျိုးတွေ ရှိပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ဂွါဒီယိုလာရဲ့ အင်တာဗျူးတွေကလည်း အငြင်းပွကလည်း အငြင်းပှိပါတယ်။ ဒါပေမယ့် အကောင်းဆုားစရာတွေရှိလာခဲ့ပါတယ်။ အခုချိန်မှာလည်း ဂွါဒီယိုလာက “ကျနော့်ကို မန်စီးတီးက လူတွေ ခေါ်တုန်းက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရမယ်လို့ မပြောထားပါဘူး”

“ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရမယ်လို့တောင် မပြောထားဘူးဗျာ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မန်စီးတီးတို့ ဒီလိုမျိုး ချန်ပီယံလိဂ်ကနေ မထင်မှတ်ဘဲ ထွက်ခဲ့ရတာက ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းကို ထိခိုက်မလား စိုးရိမ်နေကြပါတယ်။ မန်စီးတီးဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက လီဗာပူးထက် တမှတ်သာ အသာရထားတာပါ။

လီဗာပူးကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတက်ထားခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံး အနေအထားတရပ်မှာရှိနေပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း မန်စီးတီးကို လီဗာပူးက အနိုင်ယူခဲ့တာဖြစ်တာကြောင့် လတ်တလော အနေအထားအရ စိတ်ပိုင်းဆိုင်ရာမှာ လီဗာပူးက လုံးဝအသာရနေပါတယ်။ 

Share

Loading Next Article...
က္က