၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားတစ်လုံးကို ကိုင်မြှောက်နိုင်ဖို့ ယခုလနှောင်းပိုင်းမှာ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြ အဲရစ် တန်ဟက်က အသင်းလူစာရင်းကို ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ထိပ်တန်းအဆင့်ကစားသမားတွေကို ခေါ်ယူရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့လတွေမှာ ပြန်လည်သက်ဝင်လာခဲ့တာဖြစ်ပြီး ပရီးမီယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲရစ် တန်ဟက်ရဲ့အသင်းဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားတစ်လုံးကို ကိုင်မြှောက်နိုင်ဖို့ ယခုလနှောင်းပိုင်းမှာ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ်ရှန် အဲရစ်ဆင်ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ ကာစီမီရိုရဲ့ ပွဲပယ်ခံထားရမှုကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ မတည်မငြိမ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အိုးထရက်ဖို့ဒ်မှာ အမြဲတမ်းနည်းပြမရှိတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ၂-၂ သရေကျခဲ့တာက အကြီးမားဆုံးဆုဖလားတွေအတွက် မန်ချက်စတာယူနိုက်တက်လူစာရင်းဟာ အားကောင်းသင့်သလောက် မကောင်းမွန်ဘူးဆိုတဲ့ တန်ဟက်ရဲ့ သံသယကို ပိုမိုခိုင်မာစေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင် ၂၂၉ သန်းအထိ သုံးစွဲခဲ့ပေမယ့်လည်း တန်ဟက်က ၎င်းရဲ့အသင်းဟာ အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်မယ့် အရည်အသွေး ကင်းမဲ့နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ အရင်တုန်းက မန်ချက်စတာယူနိုက်တက်ကို ပြန်လိုချင်ရင် ထိပ်တန်းကစားသမားတွေလိုအပ်မှာဖြစ်သလို တစ်နေရာချင်းစီအတွက် ကစားသမား ၂ ဦးအထိ လိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြိုင်ပွဲအများအပြားမှာ ယှဉ်ပြိုင်ချင်တာကြောင့်ပါ"


"ခင်ဗျား နောက်ဆုံးပွဲ(လိဒ်စ်နဲ့ပွဲ)မှာ အဲဒါကို မြင်တွေ့ခဲ့မှာပါ။ ကျွန်တော်တို့ နေရာတော်တော်များများမှာ အရည်အသွေးကင်းမဲ့နေခဲ့ပါတယ်။ ခင်ဗျားက အမြင့်မားဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်ချင်တယ်ဆိုရင် အဲဒီလို ဖြစ်လို့မရနိုင်ပါဘူး။ ကျွန်တော် အသင်းကို စီမံခန့်ခွဲဖို့၊ သူတို့ဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ဖို့ ဒီမှာရှိနေတာ မှန်ပါတယ်။ သင့်တော်တဲ့ကစားသမားတွေ ခေါ်ယူရမယ့် တာဝန်လည်း ကျွန်တော့်မှာ ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညနေ အဲလန်းရုဒ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ရဲ့ နောက်ကျ သွင်းဂိုးတွေကြောင့် အံ့အားသင့်ဖွယ် နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က