ဘရိုက်တန်ကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

ဘရိုက်တန်ကို အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ဗီလာက နောက်ဆုံး ၆ မိနစ်အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ရလဒ်ဆိုးတွေက ရုန်းထွက်ပြခဲ့ပါတယ်။ 


ဗီလာနည်းပြအဖြစ်နဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲကို ဒီနေ့မှာ စတင်ကိုင်တွယ်ခဲ့တဲ့ ဂျရတ်ကတော့ အသင်းသစ်နဲ့အတူ ပထမဆုံးနိုင်ပွဲကို ချက်ချင်းပဲရရှိသွားခဲ့ပါတယ်။ ဘရိုက်တန်ကို အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ဗီလာက နောက်ဆုံး ၆ မိနစ်အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ရလဒ်ဆိုးတွေက ရုန်းထွက်ပြခဲ့ပါတယ်။ 

ဒီမတိုင်ခင် နည်းပြဟောင်းဒင်းစမစ်လက်ထက်မှာ ၅ ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့တဲ့ ဗီလာဟာ ဂျရတ်ရောက်လာချိန်မှာ နိုင်ပွဲပြန်ရသွားခဲ့တာဖြစ်ပါတယ်။ ဒီအောင်ပွဲအတွက် ဂျရတ်ကတော့ ကွင်းဘေးနားမှာ အကြီးအကျယ်အောင်ပွဲခံနေခဲ့ပြီး သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲအတွက် အရူးအမူးဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးလ်ဂန္ထဝင်ကစားသမားဟောင်းဟာ ရိန်းဂျားစ်နည်းပြဘ၀နဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့နောက် ပရီးမီးယားလိဂ်ကိုတကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အားလုံးရဲ့စောင့်ကြည့်မှုတွေအောက်မှာပဲ ဂျရတ်က အသင်းသစ်အတွက် နိုင်ပွဲစတင်ရယူပေးခဲ့ကာ ဗီလာအသင်းသမိုင်းမှာ နည်းပြသစ်လက်ထက် ပွဲဦးထွက်ပွဲဆို ၂ ပွဲသာအနိုင်ရထားတဲ့ မှတ်တမ်းဆိုးကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

လာမယ့်ပွဲတွေအဖြစ် ဗီလာက ပဲလေ့စ်၊ မန်စီးတီး၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပြီး ဂျရတ်ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အသင်းဟောင်းလီဗာပူးလ်နဲ့ပွဲက စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေကာ ဒီအခိုက်အတန့်ကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဂျရတ်အတွက် မှတ်ကျောက်တင်ခံနိုင်ပြီလို့ ဆိုနိုင်ပါလိမ့်မယ်။ 

Share

Loading Next Article...
က္က