လိဒ်နဲ့ပွဲမှာ​ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အဲဗာတန်က လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်က အငှားနဲ့လာကစားနေတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရရှိသွားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ပွဲတပွဲကို ပွဲချိန်ပြည့်ကစားခဲ့ရတာဖြစ်ပြီး ဟော်လန်သားအတွက်တော့ ပရီးမီးယားလိဂ်အရသာကို အပြည့်အ၀ခံစားနိုင်ခဲ့ရတာဖြစ်ပါတယ်။

လမ်းပတ်ရဲ့ ခေါ်ယူမှုနဲ့အတူ အဲဗာတန်ကို ရောက်ရှိခဲ့တဲ့ ဗန်ဒီဘိခ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ နာရီဝက်ကြာကစားခွင့်ရခဲ့ပေမယ့် မနေ့ကပွဲကိုတော့ ပွဲချိန်ပြည့်ကစားခဲ့ရတာဖြစ်ပါတယ်။ အသင်းကလည်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်လို့ ဗန်ဒီဘိခ်အတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပြီး ပွဲအပြီးမှာတော့ အားမာန်အပြည့်နဲ့ အောင်ပွဲခံခဲ့တာကိုလည်း​ မြင်တွေ့ခဲ့ရပါတယ်။

လမ်းပတ်ကလည်း "ဒွန်နီဗန်ဒီဘိခ်ကစားသွားတာ အရမ်းကောင်းတယ်လို့ ကျနော်တွေးမိတယ်၊ သူ့အိမ်သူ့ယာမှာ ကစားနေသလိုပါပဲ၊ သူ့ရဲ့ခေါင်းအေးအေးထားကစားတာ၊ လုပ်အားနှုန်းနဲ့ ဉာဏ်ရည်က တကယ့်ရှယ်ပါပဲ၊ မတူညီတဲ့နေရာတွေမှာလည်း သူ လုပ်နိုင်မယ်လို့ ကျနော်ထင်တယ်၊ ဒါကြောင့်လည်း သူ့ကိုရအောင် မြန်မြန်လှုပ်ရှားခဲ့တာပေါ့၊ သူက ဒီနေ့မှာဆိုရင် နံပါတ် ၆ နေရာကစားခဲ့ပြီး သူ့အရည်အသွေးနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်"


"ဂိုးပေါက်ခြိမ်းခြောက်မှုလည်း လုပ်နိုင်ခဲ့ပြီး အဲဒါက သူ့ကိုခေါ်ယူဖို့ ကြီးမားတဲ့တွန်းအားတခုပါပဲ" လို့ ချီးကျူးသွားခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ၂၀၂၀ ဩဂုတ်လမှာ အေဂျက်ဇ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပေမယ့် ပုံမှန်ကစားခွင့်မရခဲ့သူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဒီရာသီဝက်မှာ အငှားနဲ့ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့ပြီး ကမ္ဘာ့ဖလားမှာ ရွေးချယ်ခံရဖို့အတွက် ပွဲများများကစားပြီး ခြေစွမ်းပြဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

Share

က္က