ဟာလန်းနဲ့ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဆုတွေကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီယို ဖာဒီနန်က ပုံမှန်ခြေစွမ်းပြသနေတဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာတို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဆုတွေကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ အင်္ဂလန်မှာ အလွန်ကောင်းမွန်တဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ စနေနေ့က အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ရွှေဖိနပ်ဆုအတွက် ဟာလန်းရဲ့ နောက် ဒုတိယနေရာကနေ လိုက်နေတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီက စပါးစ်ကြယ်ပွင့်ထက် ၁ ဂိုးလျော့နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဆာကာဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။



အသက် ၂၁ နှစ်အရွယ် ဂန်းနားကြယ်ပွင့်ဟာ စနေနေ့ညက ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးအထိ ရှိလာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဖာဒီနန်က ဆာကာကို ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမားကို ဖြစ်နိုင်သမျှ မြန်မြန်သာ ပေးအပ်လိုက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ဖာဒီနန်က အာလင်း ဟာလန်းကလည်း စီးတီးမှာ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီးနောက် တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိသင့်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

"ဆာကာက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ဖြစ်နှင့်ပြီးသားပါ။ သူ့ကို တတ်နိုင်သမျှ စောစောသာ ဆုပေးလိုက်ပါ။ ခင်ဗျား အဲဒီဆုပေးနေချိန်မှာ ဟာလန်းကိုလည်း စီနီယာဆုပေးလိုက်ပါ"လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အကျုံးဝင်နေတာကြောင့် ဆာကာကို စိန်ခေါ်နိုင်မှာဖြစ်ပြီး ရာသီကုန်မှာ ပရိသတ်တွေရဲ့ မဲပေးဆုံးဖြတ်မှုအရ ဘယ်သူက ဆုရရှိမလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က