မန်စီးတီးကို ၁ကြိမ်သာဂိုးပေါက်တည့်ခဲ့ပေမယ့် ကိုယ့်အသင်းကိုတော့ ၂ကြိမ်တည့်ခဲ့ပါတယ်။

ဆိုးရွားတဲ့အချက်တွေကတော့ ပြိုင်ဘက်ဧရိယာအတွင်းမှာ ဘောလုံးထိချက်လေးကြိမ်သာ ရှိခဲ့တာဖြစ်ပြီး ကြီးကြီးမားမားဖိအားပေးနိုင်ခဲ့တာမျိုးမလုပ်နိုင်ခဲ့ဘဲ တချိန်လုံးဖိအားပေးကစားတာကိုသာ ခုခံနေခဲ့ရတာဖြစ်ပါတယ်။


မနေ့က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ အဲရစ်ဘိုင်ယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ဂိုးအပါအဝင် ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ လီဗာပူးလ်ကို ၅ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ထပ်အိမ်ကွင်းရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဆိုးလ်ရှားအပေါ် ဖိအားတွေများသထက်များလာခဲ့ပြီလည်းဖြစ်ပါတယ်။



ဒါဘီပွဲမှာ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းထက် ဘာဆိုဘာမှ စွမ်းဆောင်နိုင်မှုသာလွန်ခြင်းမရှိခဲ့ဘဲ အောက်အသင်းအဖြစ် သိသိသာသာရှိနေခဲ့ပါတယ်။ ဆိုးရွားတဲ့အချက်တွေကတော့ ပြိုင်ဘက်ဧရိယာအတွင်းမှာ ဘောလုံးထိချက်လေးကြိမ်သာ ရှိခဲ့တာဖြစ်ပြီး ကြီးကြီးမားမားဖိအားပေးနိုင်ခဲ့တာမျိုးမလုပ်နိုင်ခဲ့ဘဲ တချိန်လုံးဖိအားပေးကစားတာကိုသာ ခုခံနေခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကစားသမားတွေဟာ ပွဲချိန်တစ်ခုလုံးမှာ မန်စီးတီးဂိုးသမားအီဒါဆန်စောင့်ရှောက်နေတဲ့ ဂိုးပေါက်ကို တည့်မတ်အောင် ကန်သွင်းနိုင်မှုက တစ်ကြိမ်တည်းသာရှိခဲ့ပြီး ကိုယ့်အသင်းဂိုးသမားဒီဂီယာဂိုးပေါက်ကိုတော့ ၂ကြိမ်တောင် တည့်မတ်ခဲ့တာပဲဖြစ်ပါတယ်။ တဖက်အသင်း ဂိုးပေါက်ထက် ကိုယ့်အသင်းဂိုးပေါက်ကို ဂိုးပေါက်တည့်မှုက ပိုပြီးများနေခဲ့တာဖြစ်ပါတယ်။ 

အဲရစ်ဘိုင်ယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှု၊ လင်ဒီလော့ဖ်ရဲ့ ဖျက်ထုတ်မှုက ကိုယ့်ဂိုးကိုယ်သွင်းယူမိဖို့ ဖြစ်လာချိန်မှာ ဒီဂီယာရဲ့ ကာကွယ်ခဲ့မှုနှစ်ကြိမ်က ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းကိုတော့ ရော်နယ်ဒိုရဲ့ ကန်သွင်းချက်တစ်ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့ပြီး အီဒါဆန်က ကာကွယ်သွားနိုင်ခဲ့ကာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ အချက်အလက်မှတ်တမ်းတွေက တော်တော်လေးဆိုးရွားနေခဲ့ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က အဆင့် ၅ နေရာမှာရှိနေပေမယ့် ဒီနေ့ကစားမယ့်ပွဲမှာ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့အနိုင်ရခဲ့ရင် ရမှတ်ပိုမိုပြတ်တောက်တော့မယ့်အပြင် အာဆင်နယ်အနိုင်ရခဲ့ရင်လည်း ကျော်တက်ခံရတော့မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်က ချယ်လ်ဆီးနဲ့လည်း ၉ မှတ်အထိ ပြတ်တောက်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က