ကော်စတာရီကာနဲ့ ခြေစမ်းပွဲမှာ သွင်းယူခဲ့တာပါ။

ကော်စတာရီကာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တောင်ကိုရီးယားအတွက် အလွတ်တည်ကန်ဘောကတဆင့် ဆွန်ဟောင်မင်က လှလှပပကန်သွင်းယူကာ ချေပဂိုးရရှိအောင် စွမ်းဆောင်ပေးနိင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ဟာ တော်တော်လေးလှပခဲ့သလို ပြင်းထန်အားပေးခဲ့ပြီး ကော်စတာရီကာဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကနေ ဝင်သွားခဲ့ပြီး ဂိုးသမားဖြစ်သူကတော့ လှုပ်ချိန်တောင်မရလိုက်ပါဘူး။ 

စပါးအတွက် ပြီးခဲ့တဲ့ပွဲမှာ ၃ ဂိုးအထိသွင်းယူခဲ့ပြီး ဒီရာသီပထမဆုံးဂိုးတွေကို ရရှိခဲ့တဲ့ ဆွန်ဟောင်မင်က လက်ရွေးစင်အသင်းနဲ့ပွဲမှာလည်း ဆက်လက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားတို့ ၁-၂ နဲ့ အရေးနိမ့်နေချိန် ၈၅ မှာရရှိခဲ့တဲ့ အခွင့်အရေးကို ဆွန်က အပိုင်အသုံးချနိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းယူနိုင်ခဲ့အပြီးမှာတော့ စပါးပရိသတ်တွေက အသင်းရဲ့ ဖရီးကစ်ကန်သွင်းခွင့်တာဝန်ကို ဆွန် ရရှိသင့်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ 



လက်ရှိမှာတော့ ဂိုးဧရိယာနဲ့အနီးတဝိုက်မှာ စပါးတို့ ဖရီးကစ်ကန်သွင်းခွင့်ရခဲ့ရင် တိုက်စစ်မှူးဟယ်ရီကိန်းက တာဝန်ယူနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါးပရိသတ်တွေက အဆိုပါတာဝန်ကို ဆွန်ကိုမပေးတဲ့မပေါ် အံ့အားသင့်မိတယ်လို့ ရေးသားခဲ့ကြပါတယ်။ တဦးက "တကယ်လို့ စပါးမှာ အလွတ်တည်ကန်ဘောတာဝန်ကို ကိန်းပဲ ယူနေမယ်ဆိုရင် စာချုပ်သစ်တောင်မချုပ်စေချင်တော့ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

နောက်ထပ်တဦးကလည်း "စပါးက သူ့ကို အလွတ်တည်ဘောကန်သွင်းခွင့်ပေးဖို့အတွက် လက်ရွေးစင်အသင်းမှာ သူ ဘယ်အချိန်ထိလုပ်ပြနေရဦးမှာလဲ၊ ကိန်းကို ကြိုက်ပါတယ်၊ ဒါပေမယ့် ဖရီးကစ်အပိုင်းမှာ သူ တိုးတက်ဖို့လိုသေးတယ်" လို့ ဆိုခဲ့ပါတယ်။ အခြားတဦးကလည်း "ဆွန်က နောက်ထပ်ကမ္ဘာ့အဆင့် အလွတ်တည်ကန်ဘောကို လုပ်ပြခဲ့တာပဲ၊ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာပဲ ကိုရိးယားအတွက် သူ ဖရီးကစ်ကနေ တိုက်ရိုက်သွင်းတာ ၃ ဂိုးရှိပြီ၊ စပါးအတွက် အဲဒီလိုကစားသမားလိုနေတာ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆွန်ကတော့ ဂိုးပေါက်ပျောက်လို့ ဖိအားတွေရှိနေရာကနေ ပြန်လည်ပြီး ရုန်းထွက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရွေးစင်အသင်းအတွက်လည်း ဂိုးပုံမှန်ရနေတာက သူ့အတွက် ကျေနပ်စရာလည်းကောင်းနေပါတယ်။ 

Share

Loading Next Article...
က္က