လီဗာပူးလ်အတွက် ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြသွားခဲ့တာကတော့ ကစားသမားသစ် လူးဝစ်ဒီယက်ဇ်ပါ။ ပေါ်တိုကစားသမားဟောင်းဟာ ပြိုင်ဘက်ဟောင်းနဲ့အတွေ့မှာ အန်ဖီးလ်ကလပ်အတွက် ထူးရှယ်ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင်တဂိုးသွင်းကာ တဂိုးဖန်တီးပေးခဲ့​ပြီး လီဗာပူးလ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်စေဖို့ အခြေအနေကောင်းဖန်တီးပေးခဲ့ပါတယ်။ 

ဒီယက်ဇ်ကတော့ ဇန်နဝါရီကမှ လီဗာပူးလ်ကိုရောက်လာခဲ့ပေမယ့်လည်း ချက်ချင်းခြေစွမ်းပြနေကာ အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိလာခဲ့ပါတယ်။ ပေါ်တိုကစားသမားဟောင်းက လီဗာပူးလ်အတွက် ဂိုးသွင်းယူပေးပြီးနောက် ဘင်ဖီကာပရိသတ်တွေရှေ့မှာ အားပါးတရအောင်ပွဲသွားခံပြခဲ့ပြီး ပြိုင်ဘက်ပရိသတ်တွေက သူ့ကိုအော်ဟစ်ဆဲဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ဒီယက်ဇ်ဆီရောက်လာပြီး အောင်ပွဲအတူခံခဲ့တဲ့ ကီတာကိုလည်း အရာ၀တ္ထုတချို့နဲ့ ဘင်ဖီကာပရိသတ်တွေက ပစ်ပေါက်ခဲ့ကြပါတယ်။ အန်ဒရူးရောဘတ်ဆန်ကိုလည်း မီးခြစ်တွေနဲ့ပစ်ပေါက်ခဲ့တယ်လို့ သိရပြီး လီဗာပူးလ်ကစားသမားတွေကို ဘင်ဖီကာပရိသတ်တွေက အကြိမ်ကြိမ်ပစ်မှတ်ထားကာ ပစ်ပေါက်ခဲ့ကြတာပါ။ 

ဒီယက်ဇ်ရဲ့ ခြေစွမ်းကိုတော့ ပွဲအပြီးမှာ နည်းပြကလော့ပ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ "သူက ထိပ်တန်းအဆင့်၊ ကမ္ဘာ့အဆင့်ကစားသမားပါ၊ သူနဲ့ နေ့တိုင်းလက်တွဲပြီး အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်၊ သူ့ကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တုန်းကတောင်မှ ပိုပြီးပျော်ရပါတယ်" လို့ ကလော့ပ်က ဆိုပါတယ်။ 


လီဗာပူးလ်ဟာ ဒီယက်ဇ်ကိုခေါ်ယူဖို့အတွက် ၂၄ နာရီအတွင်းမှာပဲ ဆုံးဖြတ်ခဲ့ပြီး သူတို့ရဲ့ ခေါ်ယူမှုက မှန်ကန်ကောင်းမွန်ခဲ့တယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က