အမ်ဘာပေရဲ့အနာဂတ်အတွက် ရော်နယ်ဒင်ဟိုကပါ ဖွင့်ဟပြောကြားလာခဲ့တာပါ။

ဘာစီလိုနာနဲ့ဘရာဇီးဂန္တဝင်ကစားသမားဟောင်းကြီး ရော်နယ်ဒင်ဟိုက အမ်ဘာပေအနေနဲ့ အခုချိန်မှာ ထိပ်တန်းအသင်းတသင်းအတွက် ကစားပေးနေတာဖြစ်ပြီး PSG မှာပဲ ကာလရှည်ဆက်ရှိသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ အမ်ဘာပေဟာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ရော်နယ်ဒင်ဟိုကတော့ ဒီကစားသမားလေးကို ပဲရစ်မြို့မှာသာ ဆက်ရှိစေချင်တဲ့ပုံပါပဲ။



ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘာစီလိုနာအတွက်ရော၊ PSG အတွက်ပါ ကစားပေးခဲ့ဖူးပြီး မကြာခင်ကမှ PSG ကို လာရောက်ကာ မက်ဆီ၊ နေမာတို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အမ်ဘာပေဟာ PSG မှာ ကစားသမားဘဝကို (၄) နှစ်ကြာ ဖြတ်သန်းခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း (၆) လသာ ကျန်ရှိတော့တာပါ။

ဒီလိုအခြေအနေမျိုးမှာ ရော်နယ်ဒင်ဟိုက “ကမ္ဘာပေါ်မှာရှိသမျှ ကစားသမားတိုင်းက PSG အတွက် ကစားပေးချင်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားကလည်း PSG မှာ ကစားနေတာပါ။ (မက်ဆီကို ရည်ရွယ်သည်)”

“ဒီတော့ PSG က ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အမ်ဘာပေတယောက် ဒီအသင်းမှာ နောက်ထပ်အချိန်အကြာကြီး ရှိသွားမယ်လို့ ကျနော် စိတ်ကူးမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ PSG အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ ကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေးအတွက် အပူတပြင်းကြိုးစားနေဆဲပါ။

အမ်ဘာပေကိုယ်တိုင်ကလည်း ရီးရဲယ်မက်ဒရစ်မှာ ကစားဖို့ ဆန္ဒရှိနေပေမယ့် အနာဂတ်နဲ့ ပတ်သက်လို့ လက်ရှိအချိန်မှာ တစုံတရာကို ယတိပြတ် ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

ဒါ့အပြင် ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ဟာ ချန်ပီယံလိဂ် ရှုံးထွံက် (၁၆) သင်းအဆင့် ပွဲစဥ်အဖြစ် လာမယ့် (၂၀၂၂) မှာ ထိပ်တိုက်ရင်ဆိုင်ဖို့လည်းရှိနေပါသေးတယ်။ 

Share

က္က