အယ်လ်နာဆာကလည်း အနိုင်ရရှိခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ခါလိချ်တို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။​ဒီပွဲမှာ အယ်လ်နာဆာအတွက် ဂိုးတွေကို ရော်နယ်ဒိုနဲ့ လာပေါ့တ်တို့က သွင်းယူခဲ့ကြတာပါ။



တစ်ဖက်နောက်တန်းကစားသမားတွေ ဘောလုံးကို ရှေ့ကန်တင်ဖို့ ကြိုးစားရင်း ဆုံးရှုံးသွားတဲ့ ဘောလုံးက ရော်နယ်ဒိုဆီကို ရောက်လာခဲ့ပါတယ်။ ဧရိယာအပြင်ဘက်မှာရှိနေတဲ့ ရော်နယ်ဒိုက ဒီဘောလုံးကို ရရှိလာတဲ့နောက် ပြိုင်ဘက်နောက်တန်းကို တစ်ချက်ဖိန့်လိုက်ပါတယ်။


အဲ့ဒီအချိန်မှာပဲ ရော်နယ်ဒိုကန်တော့မယ်အထင်နဲ့ တားဆီးခဲ့တဲ့ အယ်လ်ခါလိချ်နောက်ခံလူက လဲကျသွားခဲ့ပြီး ရော်နယ်ဒိုက ဘောလုံးကို တစ်ချက်ဆွဲထုတ်ကာ ကန်သွင်းသွားခဲ့ပါတယ်။ ဒီကန်ချက်က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပြီး အယ်လ်နာဆာတို့ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

အသက် (၃၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်ကတော့ ဒီလိုမျိုး သွင်းဂိုးက ကျေနပ်စရာလို့ ပြောရမှာပါ။ သူက ဆော်ဒီမြေမှာ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းမျိုးကို ပြသနေပြီး ဒီရာသီ သူ့ရဲ့ ဆော်ဒီလိဂ်သွင်းဂိုးကလည်း (၁၂) ဂိုးအထိ ရှိလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ဆက်တိုက်ဆိုသလို ခြေစွမ်းပြနေတဲ့ ကစားသမားပါ။
ပြီးခဲ့တဲ့ ဆောင်းရာသီကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာရဲ့ ဦးဆောင်သူ ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး အာရှချန်ပီယံလိဂ်၊ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြရင်း သွင်းဂိုးတွေ​ ရယူပေးနေတာကိုလည်း ရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက် ကျေနပ်ဖွယ်ရာ မြင်တွေ့နေရပါတယ်။

Share

Loading Next Article...
က္က