အဝေးကွင်းမှာ ကံကောင်းလို့ အမှတ်မလျော့ခဲ့တာပါ။

မန်စီးတီးကတော့ တပွဲလုံးကို ဖိဆော့နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ခြိမ်းခြောက်နိုင်မှုပိုင်းမှာ အပြတ်အသတ်သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းမသေချာခဲ့တာကြောင့် နစ်နာမှုတွေ အများကြီးကို တွေ့ကြုံခဲ့ရပြီး ရုန်းကန်ရတဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။

အဖက်ဖက်က သာလွန်ခဲ့ပေမယ့်လည်း မန်စီးတီးတို့ ပင်နယ်တီအခွင့်အရေးကို ရချိန်မှာတော့ ဟာလန်းမဝင်ခဲ့လို့ ပိုဆိုးခဲ့ပါတယ်။ ပထမပိုင်းတပိုင်းလုံးကို သူတို့ တော်တော်လေးအားထုတ်ခဲ့ရပြီး ဟာလန်းတယောက် ဖြုန်းတီးပစ်ခဲ့တာတွေက မနည်းပါဘူး။ 

ဒုတိယပိုင်းမှာ ဟာလန်းက ဂရီလစ်ရှ်ရဲ့ ပေးပို့မှုကနေ ခေါင်းတိုက်ဂိုးသွင်းပြီး အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒါပမေယ့် ပွဲပြီးခါနီးမှ ပွဲက အရှိန်တက်ခဲ့ပြီး မန်စီးတီးတို့ ပျာယာခတ်ခဲ့ရတဲ့အထိပါပဲ။ ပွဲချိန် ၈၀ ကျော်မှာ ရှက်ဖီးတို့ မထင်မှတ်ဘဲ ချေပဂိုးရသွားကာ မန်စီးတီးကို စိုးရိမ်စရာတွေ ပေးနိုင်ခဲ့ပါတယ်။ 

ကံကောင်းခဲ့တာကတော့ မန်စီးတီးတို့ သိပ်မကြာခင်မှာပဲ ရိုဒရီရဲ့ ဘယ်ခြေအပြင်းကန်ချက်နဲ့ ဂိုးပြန်ရခဲ့တာပါ။ တော်တော်လေးကို အလှည့်အပြောင်းမြန်ခဲ့တဲ့ အခိုက်အတန့်ပါပဲ။ ဖိုဒန်ဝင်လာပြီးနောက်မှာ မန်စီးတီးက တိုက်စစ်ကို ပိုအားပြုခဲ့ပြီး ဂိုးရခဲ့တာက တော်တော်လေးကို ကံကောင်းခဲ့ပါတယ်။ 

ဒီပွဲမှာ မန်စီးတီးတို့ အသက်ရှူမှားစရာကောင်းအောင်ကို ဖြစ်သွားခဲ့ရပြီး ပြိုင်ဘက်ကို မထိခလုတ်ထိခလုတ်သွားလုပ်ခဲ့တာပါ။ အဝေးကွင်းမှာ ပညာပေးခံရတော့မယ့် အဖြစ်ကနေ ရှောင်လွှဲနိုင်ခဲ့ပြီး ၃ မှတ်ရခဲ့တာကတော့ ဂွါဒီယိုလာ ကံကောင်းခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ 


Share

Loading Next Article...
က္က