အယ်လ်နာဆာတို့ ရှုံးပွဲတွေ့ခဲ့ပြီး ရော်နယ်ဒိုလည်း ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

အယ်လ်နာဆာ တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို WWE အကွက်နဲ့ take down လုပ်ပစ်ခဲ့လို့ အဝါကတ်ထိခဲ့ရပါတယ်။ အဆိုပါပွဲမှာ အယ်လ်ဟီလယ်က ယူနိုက်တက်တိုက်စစ်မှူးဟောင်းပဲဖြစ်တဲ့ အီဂါလိုရဲ့ ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုရဲ့အသင်း အရေးနိမ့်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုတယောက် ဂိုးပေါက်ထပ်ပျောက်ခဲ့ရတဲ့ပွဲဖြစ်ပြီး တယ်လစ္စကာ အနီကတ်ပြခံရတာ၊ ပင်နယ်တီနှစ်လုံးပေးခဲ့ရတာတွေကြောင့် စိတ်ပျက်စရာရှုံးပွဲပါပဲ။ ရော်နယ်ဒိုကိုယ်တိုင်လည်း ပြိုင်ဘက်နဲ့အတူ ဘောလုံးယှဉ်လုဖို့ကြိုးစားရာမှာ လည်ပင်းကို သိုင်းဖက်ပြီး ဆွဲလှဲသလိုဖြစ်ခဲ့လို့ အဝါထိခဲ့ရပြီး အယ်လ်နာဆာရဲ့ အမှတ်ပေးဖလားမျှော်လင့်ချက်ကလည်း ဝေဝါးလာခဲ့ရပါတယ်။ 



၂-၀ ဖြစ်သွားချိနမှာ ရော်နယ်ဒိုက သွင်းဂိုးတဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း လူကျွံနေခဲ့တယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ရော်နယ်ဒိုက ပြိုင်ဘက်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အသင်းဖော်ကန်တင်ပေးပို့မှုကို မြေမကျဘောကန်သွင်းကာ လှပတဲ့သွင်းဂိုးတဂိုးဖြစ်ခဲ့ပေမယ့် ဂိုးမရခဲ့လို့ နစ်နာခဲ့ရပါတယ်။ 

ပရိသတ်တွေကတော့ ရော်နယ်ဒိုအဝါထိခဲ့တဲ့ ဖြစ်ရပ်မှာ "ရော်နယ်ဒို ဘာဖြစ်သွားတာလဲ" ဆိုပြီး ပြောဆိုနေခဲ့ကြပါတယ်။ နောက်ထပ်ပရိသတ်တွေကလည်း ရော်နယ်ဒိုက ဒါ အောင်ပွဲခံနေတာကွဆိုပြီး မျက်ရည်ကျနေတဲ့ အီမိုဂျီတွေနဲ့အတူ ရေးသားလှောင်ပြောင်မှုတွေလုပ်ခဲ့ကာ ပေါ်တူဂီသားရဲ့ ပွဲချိန်တွင်းအဖြစ်အပျက်ကတော့ လူပြောများနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က