အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲဟာ တဖက်သတ်ဆန်ခဲ့ပြီး လီဗာပူးလ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။
မိမိတို့အနေနဲ့ ပြိုင်ဘက်ကို ဂိုးပြတ်ချေမှုန်းပြီးနိုင်ပွဲရယူနိုင်ခဲ့ပေမယ့် အလွန်အကျွံအောင်ပွဲခံမှာမဟုတ်ဘဲ လေးစားမှုကိုပြသမှာဖြစ်တယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိအပြီးမှာ ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲဟာ တဖက်သတ်ဆန်ခဲ့ပြီး လီဗာပူးလ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်တို့ အိမ်ကွင်းမှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။
ကီတာ၊ ဂျိုတာတို့ကတစ်ဂိုးစီနဲ့ ဆာလာက ဟက်ထရစ်သွင်းယူပြီး အနိုင်ရရှိခဲ့ရာမှာ ပထမပိုင်းမှာကတည်းက ၄ ဂိုးပြတ်နဲ့ လီဗာပူးလ်က ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပထမပိုင်းအပြီးမှာပဲ ယူနိုက်တက်ပရိသတ်တွေဟာ ကွင်းအတွင်းက ပြန်ထွက်ခဲ့ကြပြီး အသင်းနည်းပြဟောင်းဖာဂူဆန်ကလည်း ပွဲမပြီးခင်မှာပဲ အိမ်ပြန်သွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။
ကလော့ပ်ကတော့ "ကောင်းမွန်တဲ့နေ့တစ်နေ့ပါ၊ ကြီးကျယ်မှုတစ်ခုလည်းဖြစ်ပါတယ်၊ ကလပ်အသင်းသမိုင်းမှာ သေးငယ်တဲ့အခန်းသစ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်၊ ဒီလိုရလဒ်မျိုး နောက်တစ်ကြိမ်ပြန်မဖြစ်တာ အချိန်အကြာကြီးဖြစ်နေမယ်ဆိုရင် အနာဂတ်မှာ ဒီအကြောင်းကို လူတိုင်းက ပြောနေကြပါလိမ့်မယ်ကျွန်တော်ဘာပြောနိုင်မှာလဲ၊ ဘာကိုမျှော်လင့်နိုင်မှာလဲ၊ ဒီရလဒ်က တကယ်ကိုကြီးကျယ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အရူးအမူးအောင်ပွဲခံမှာမဟုတ်ပါဘူး"
ဒီပွဲရလဒ်ဟာ ကလော့ပ်အတွက် အကြီးအကျယ်အောင်မြင်မှုဖြစ်လာခဲ့ပေမယ့် တဖက်မှာတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားကို ရာထူးကနေထွက်ခွာဖို့ ပရိသတ်တွေကတောင်းဆိုနေပြီဖြစ်ပြီး အသင်းဘုတ်အဖွဲ့အနေနဲ့လည်း ထုတ်ပယ်ပစ်ဖို့အတွက် တိုက်တွန်းနေကြပြီဖြစ်ပါတယ်။