အန်ဒိုင်ယာကို အလျင်စလို ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ချက်ချင်းပဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ မာဆေးလ်အသင်းကို အငှားနဲ့ ထွက်ကစားနေတဲ့ အဲရစ် ဘိုင်လီဟာ ဟီရဲစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ် ၁၅ မိနစ်မှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဘိုင်လီဟာ တန်ပြန်တိုက်စစ်အတွင်းမှာ ဘောလုံးကို ကြားဖြတ်ရယူဖို့ကြိုးပမ်းရင်း ပြိုင်ဘက်ကစားသမား မူဆာ အန်ဒိုင်ယာရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပြီးနောက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မာဆေးလ် နောက်ခံကစားသမားဟာ ဘောလုံးနောက်ကို ပြေးလိုက်နေတဲ့ အန်ဒိုင်ယာကို အလျင်စလို ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ချက်ချင်းပဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။



အန်ဒိုင်ယာဟာ ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ပြီး ဆေးရုံကို တန်းပို့ခဲ့ရပေမယ့်လည်း လက်ရှိအချိန်အထိ ဟီရဲစ်ကစားသမားရဲ့ ဒဏ်ရာက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို မသိရသေးတာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ ဟီရဲစ်ကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ ပြင်သစ်ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘိုင်လီ စောစောစီးစီးထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ၂-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ်က မာဆေးလ်အတွက် အရေးကြီးခဲ့ပြီး ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲရစ် ဘိုင်လီအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ဘယ်လောက်အထိ လွဲချော်ဦးမလဲဆိုတာနဲ့ ၎င်း မပါဝင်နိုင်မှုကြောင့် လာမယ့်ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က