အသင်းကစားသမားတွေအပေါ် တော်တော်လေးစိတ်ပျက်နေတာပါ။

အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြသောမတ်စ်တူချယ်လ်က သူ့အသင်းသားတွေကို ပြစ်တင်ပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ စတာလင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရကာ ဒုတိယပိုင်းမှာ ချေပဂိုးမသွင်းနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးတို့ ဒီရာသီမှာ ၂ ပွဲမြောက်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ 

တူချယ်လ်က သူ့အသင်းဟာ အာရုံစိုက်ဖို့ခက်ခဲနေပြီး တည်ငြိမ်မှုရအောင်ရှာဖွေနေရာမှာလည်း အခက်တွေ့နေတယ်လို့ ယုံကြည်နေပါတယ်။ ချယ်လ်ဆီးဟာ ရလဒ်ပိုင်းတွေ မတည်မငြိမ်ဖြစ်နေခဲ့ပြီး လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ ရှုံးပြီးနောက် အိမ်ကွင်းမှာပဲ တယောက်လျော့အနေအထားနဲ့ လက်စတာကို အနိုင်ရရှိခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာ ဆောက်သမ်တန်ကို ထပ်မံအရေးနိမ့်ခဲ့ပါတယ်။

"ပွဲတိုင်းနီးပါးကို ကျနော်တို့ ကောင်းကောင်းစနိုင်ခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့အာရုံစူးစိုက်ဖို့နဲ့ တည်ငြိမ်မှုရဖို့အတွက်တော့ ခက်ခဲနေပါတယ်၊ ကျနော်တို့ဦးတည်ချက်အတိုင်း မသွားနိုင်ဘူးဆိုရင် အဲဒီအတွက်အဖြေတွေရှာပြီး ရုန်းကန်နေရတယ်၊ ဒီနေ့မှာ ဦးတည်ချက်အတိုင်းရောက်ခဲ့ပေမယ့် သရေကျပြီးတဲ့နောက်မှာတော့ ဒုက္ခရောက်တော့တာပါပဲ"

"စိုးရိမ်ပူပန်တယ်ဆိုတာက မှန်ကန်တဲ့စကားလုံးဖြစ်မလားတော့ ကျနော်မသိဘူး၊ ကျနော်က အရေးနိမ့်တာကို လုံး၀မကြိုက်တဲ့သူပါ၊ အခုဆိုရင် ဒီရာသီမှာ ၂ပွဲရှုံးနိမ့်ခဲ့ပြီး ကျန​ော်တို့ကိုအနိုင်ယူဖို့ ဘာမှကိုလုပ်စရာတောင်မလိုပါဘူး၊ ဒါကို ကျနော်မကြိုက်ပါဘူး၊ ကျနော်တို့ကို အနိုင်ယူဖို့ ပြိုင်ဘက်အသင်းက အများကြီးလုပ်စရာတောင်မလိုဘူးလို့ ကျနော်ထင်နေပြီ" လို့ တူချယ်လ်က ပြောဆိုသွားခဲ့ပါတယ်။ 

ဒီပွဲရလ်ဒ်ကြောင့် ချယ်လ်ဆီးဟာ အဆင့် ၈ နေရာကိုရောက်ရှိခဲ့ပြီး ဆောက်သမ်တန်ကတော့ အဆင့် ၇ နေရာအထိ တက်လှမ်းသွားခဲ့ပါပြီ။ တူချယ်လ်အတွက်တော့ ဖိအားတွေအများကြီးရှိနေပြီဖြစ်ကာ သူ့အသင်းအတွက် တိုက်စစ်မှူးတဦးအမြန်ဆုံးခေါ်ယူဖို့လည်း လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က