သူ့ရဲ့ အလျင်အမြန်ပြေးလွှားပြီး ကယ်တင်ပေးမှုက ကစားသမားတဦးအသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

အီတလီစီးရီအေကလပ် ခရီမွန့်စ်အသင်းရဲ့ နောက်ခံလူ လူကာလိုချိုရှဗီလီဟာ FIFA Fair Play ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ကစားသမားတဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့နောက် ဒီဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ကာ သူ့ရဲ့ လုပ်ရပ်အတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို လက်ခံရရှိခဲ့တာလို့ ပြောရမှာပါ။ 

ဒီဖြစ်ရပ်ဟာ သူက ဩစတြီးယားကလပ် ၀ုလ်ဖ်ဘာဂျာအသင်းအတွက် ကစားပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပြိုင်ဘက် ဩစတြိးယားဗီယင်နာအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား ဂျော့တိုင်ဂယ်လ်ဟာ ကွင်းအတွက် လဲကျသတိလစ်လဲကျသွားခဲ့တာကို တွေ့ခဲ့တဲ့နောက် ရှဗီလီက အပြေးအလွှားသွားရောက်ကာ တိုင်ဂယ်လ်ရဲ့ လျှာကို ပါးစပ်အပြင်ဆွဲထုတ်ပေးခဲ့ပါတယ်။ 



သူ့ရဲ့ ဒီလို ရှေးဦးသူနာပြုစုနည်းကြောင့် တိုင်ဂယ်လ်ဟာ အသက်အန္တရာယ်ထိခိုက်မယ့်အရေးကနေ ကင်းဝေးသွားခဲ့တာဖြစ်ပါတယ်။ ဂျော့တိုင်ဂယ်လ်လဲကျနေပေမယ့် ပွဲက ဆက်ကစားနေပြီး ဘယ်သူကမှ သတိမထားမိချိန်မှာ သူက အလျင်အမြန်ပြေးလွှားပြီး လျှာကို မရရအောင် ဆွဲထုတ်ပေးခဲ့ကာ ကစားသမားရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ 

ဒီနောက်မှာတော့ သူက ခရီမွန့်စ်အသင်းကို ယူရို ၁.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုတော့ Fair Paly အကောင်းဆုံးဆုကို ရယူနိုင်ခဲ့ကာ ဂုဏ်ယူဖွယ်ဆုတခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ကို အဆိုပါအချိန်တုန်းက လူသိနည်းပါးခဲ့ပေမယ့် မနေ့ညက ဆုပေးပွဲမှာ သူ ဆုရရှိခဲ့တဲ့နောက်မှာ အားလုံးရဲ့ သတိထားမှုကိုရရှိခဲ့ကာ ဝိုင်းဝန်းချီးကျူးနေကြပြီလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က