နိုက်စ်နဲ့ပွဲမှာ တဂိုးသွင်းအပြီး အသာစီးရယူသွားခဲ့တာပါ။

မက်ဆီကတော့ နိုက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂-၀ နဲ့ အသင်းအနိုင်ရအ​ောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ရှုံးပွဲတွေဆက်နေတဲ့ ပီအက်စ်ဂျီဟာ ဒီပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ မက်ဆီ၊ ဆာဂျီယိုရာမို့စ်တို့ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ တဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ဥရောပမှာ ကလပ်သွင်းဂိုးပေါင်း ၇၀၂ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ကာ သူ့ရဲ့အစဉ်အလာပြိုင်ဘက်ကြီး​ ရော်နယ်ဒိုထက် ၁ ဂိုးအသာရရှိသွားပြီဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ၇၀၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မက်ဆီက နှာတဖျားအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအတွက် ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ မက်ဆီက ဂိုးပြန်သွင်းနိုင်ခဲ့သလို အသင်းလည်းနိုင်ပွဲရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေကို ပြန်ခံစားနေရတဲ့ မက်ဆီဟာ အရေးပါတဲ့ ဦးဆောင်ဂိုးကို ရယူပေးခဲ့ပြီး ဂိုးပေါက်ပျောက်နေမှုတွေကလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ပြင်သစ်လီဂူးမှာတော့ ပီအက်စ်ဂျီက ဒုတိယနေရာက လန်းစ်ကို ၆ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။ လက်ကျန်ပွဲက ၈ ပွဲသာ ကျန်ရှိတော့လို့ ဆုဖလားအတွက် ပီအက်စ်ဂျီတို့ ခြေချော်လို့ရမှာမဟုတ်တော့ပါဘူး။ ဒီရာသီမှာ လန်းစ်က ရှုံးပွဲ ၃ပွဲတည်းသာ ရှိထားပြီး ဒါဟာ ပီအက်စ်ဂျီထက်တောင်မှ ၂ ပွဲလျော့နည်းနေတာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က