ရှက်ဖီးနည်းပြက လီဗာပူးနဲ့ပွဲမတိုင်ခင် အထုတ်ခံရတာပါ။

လီဗာပူး နည်းပြ ကလော့ပ်က ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် အသင်းရဲ့ ပွဲကြိုအစီအစဉ်တွေကို လွှင့်ပစ်လိုက်ရပြီလို့ ဟာသလုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီနေ့ညမှာ ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာပါ။



အဆိုပါပွဲမတိုင်ခင်မှာ ရှက်ဖီးယူနိုက်တက်က နည်းပြ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ သူတို့ရဲ့နည်းပြ ဟက်ကင်ဘော့တွန်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြဟောင်း ခရစ္စဝိုင်လ်ဒါကို ပြန်လည် ခန့်အပ်ခဲ့ပါတယ်။


အဲ့ဒါကြောင့်လည်း ကလော့ပ်က “အရင်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပွဲကြိုချဉ်းကပ်မှုတွေကို အမှိုက်ပုံးထဲ ထည့်ကောင်းထည့်ရနိုင်ပါတယ်။ ဒီအတွက် အများကြီး စဉ်းစားနေစရာ မလိုပါဘူး။ ဘောလုံးပွဲတစ်ပွဲ ကစားဖို့အတွက်ဆိုတာမျိုးကိုပဲ တကယ်ပြင်ဆင်ရတော့မှာပါ”

“နည်းပြသစ် ရောက်လာမှာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှုပ်ထွေးခံလို့မရပါဘူး။ ခရစ္စဝိုင်လ်ဒါ သူ့နေရာကို ပြန်ရောက်လာတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ရှက်ဖီးက ကျွန်တော်တို့ကို နေရာပေါင်းစုံကနေ ထိုးဖောက်နိုင်ပါလားဆိုပြီး တွေးနိုင်အောင် သူလုပ်ပါလိမ့်မယ်”
“သူလည်း အချိန်တိုအတွင်းမှာ အများကြီး အပြောင်းအလဲလုပ်နိုင်မယ်မထင်ပါဘူး။ ကျွန်တော်တို့လည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ ကစားနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က