လိဒ်စ်နဲ့ချဲလ်ဆီးတို့ရဲ့ ပွဲချိန်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လိဒ်စ်နဲ့ချဲလ်ဆီးတို့ရဲ့ပွဲမှာတော့ အိမ်ရှင်လိဒ်စ်က ဒန်နီယဲယ်ဂျိမ်းစ်အထုတ်ခံခဲ့ရသလို ဧည့်သည် ချဲလ်ဆီးကိုလည်း သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် သွင်းဂိုးတွေကို မေဆင်မောင့်၊ ပူလီဆစ်၊ လူကာကူတို့က သွင်းယူခဲ့ပါတယ်။



ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ ထူးထူးခြားခြား ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ လိဒ်စ်ကို အားပေးတဲ့ အမျိုးသမီးပရိသတ်တယောက်က ပွဲကြည့်စင်ပေါ်မှာရှိတဲ့သူ့ဆီ ရောက်လာတဲ့ ဘောလုံးကို ချက်ချင်းပြန်မပေးဘဲ ယူထားခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ဟာ တန်းဆင်းဇုန်ထဲကျရောက်နေတဲ့အသင်းဖြစ်ပြီး တဂိုးပဲဖြစ်ဖြစ် သေချာပေါက် လိုအပ်နေတာပါ။

ဒါပေမယ့် ဒီအမျိုးသမီးကတော့ သူ့ဆီ ဘောလုံးရောက်လာချိန်မှာ “ဒါ ငါ့ဘောလုံးပဲ” ဆိုပြီး ပြန်မပေးဘဲ ယူထားခဲ့တာပါ။ အနီးအနားမှာရှိတဲ့ လိဒ်စ်ပရိသတ်အချို့ကလည်း ဘောလုံးပြန်ပေးဖို့ မတိုက်တွန်းဘဲ အမျိုးသမီးရဲ့လုပ်ရပ်ကိုသာ ဟာသလုပ်နောက်ပြောင်နေကြပါတယ်။ ပုံစံကြည့်ရတာတော့ ဒီအမျိုးသမီးက ပွဲအနေအထား၊ အသင်းအနေအထားအပေါ် ကောင်းကောင်းနားလည်ဟန်မရှိတာကြောင့် ဒီလိုမျိုးပြုမူတာဖြစ်နိုင်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုကတော့ လက်ပစ်ဘောမြောက်ဖို့ စောင့်နေရပေမယ့် သူ့အသင်း အနိုင်ရရှိနေတာကြောင့် အလောသုံးဆယ်မလုပ်ဘဲ ဒီအမျိုးသမီးကိုပဲ ကြည့်ရင်း ရယ်မောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လိဒ်စ် တိုက်စစ်ကစားသမား ရာဖင်ဟာက မနေနိုင်တော့ဘဲ သူကိုယ်တိုင် ဒီအမျိုးသမီးဆီက ဘောလုံးကို ပြန်တောင်းယူပေးခဲ့ရပါတယ်။


ဒီဖြစ်ရပ်အတွက် ပရိသတ်တွေကြားမှာတော့ ဝေဖန်မှုတွေရှိနေပါတယ်။ ပရိသတ်တွေက “ဒီလောက် တန်းဆင်းဇုန်တိုက်ပွဲ အရေးကြီးနေချိန်မှာ ဒါက ဘယ်လိုဖြစ်ရတာလဲ” “အလွန်ဆိုရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အကုန်သိနေရပါပြီ” “မယုံနိုင်စရာပဲ။ ဒီပရိသတ်က အသင်းရလဒ်ထက် သူ့အတွက် အမှတ်တရဖြစ်မယ့်အရာကိုပဲ ပိုဂရုစိုက်နေပါတယ်” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က