ဗန်ဒိုက်ချ်နဲ့ဒီဘရိုင်းတို့ နှစ်ယောက်အတူကဲနေတာပါ။

လီဗာပူးနောက်ခံလူဗန်ဒိုက်ချ်နဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ဟာ စပိန်ပိုင် ဘယ်လာရစ်ကျွန်းမှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတခုအတွင်း သူငယ်ချင်းကောင်းတွေသဖွယ် ရင်းရင်းနှီးနှီးနဲ့ ပျော်ပါးခဲ့ကြတယ်လို့ သိရှိရပါတယ်။ The Sun ကထွက်ပေါ််လာတဲ့ဓာတ်ပုံတွေအရ အဆိုပါ ပရီးမီးယားလိဂ်ကြယ်ပွင့်နှစ်ယောက်ဟာ နာမည်ကျော် ကဲလ်ဗင်ဟားရစ်ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ခဲ့ကြတာပါ။



သူတို့နှစ်ယောက်ဟာ ကဲလ်ဗင်ဟားရစ်နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ကြပြီး နောက်ထပ်ပုံတပုံမှာတော့ ဖုန်းသုံးနေတဲ့ ဒီဘရိုင်းကို ဗန်ဒိုက်ချ်က ပခုံးဖက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေကတော့ မန်စီးတီးနဲ့လီဗာပူးအကြား ဘယ်လောက်ပဲပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါစေ၊ အခုချိန်မှာတော့ အဓိက ကစားသမားနှစ်ယောက်က ပြိုင်ဆိုင်မှုတွေကို ခဝါချပြီး နွေရာသီအားလပ်ရက်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပြီလို့ မှတ်ချက်ပြုနေပါတယ်။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် နောက်ဆုံးပွဲအထိ အဆုံးအဖြတ်ခံယူခဲ့ရပြီး မန်စီးတီးက ချန်ပီယံဖြစ်ခဲ့ပါတယ်။ အက်ဖ်အေဖလားနဲ့ကာရာဘောင်ဖလားမှာတော့ လီဗာပူးက ဗိုလ်စွဲခဲ့ပါတယ်။ ဒီနွေရာသီမှာ လီဗာပူးနဲ့မန်စီးတီးက ကစားသမားတွေ ရင်းရင်းနှီးနှီး အတူတကွ အပန်းဖြေနေတာ ဗန်ဒိုက်ချ်နဲ့ဒီဘရိုင်းတို့က ပထမဆုံးတော့ မဟုတ်ပါဘူး။

အထင်ကရဖြစ်ခဲ့တဲ့ဖြစ်ရပ်တခုကို ဖော်ပြရမယ်ဆိုရင် မန်စီးတီးတိုက်စစ်ကစားသမား ဂရီလစ်ရှ်က လီဗာပူးဘယ်နေကာ်ခံလူ ရော်ဘတ်ဆင်နဲ့ လတ်စ်ဗီးဂတ်စ်မှာ ရေကူးကန်ပါတီပေးနေခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ လတ်စ်ဗီးဂတ်စ်မှာ တချိန်လုံး မူးရူးနေတဲ့ ဂရီလစ်ရှ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ဂရီလစ်ရှ်က ဂရိကိုရောက်ရှိနေပြီး ရာသီကြိုကာလအတွင်း တကိုယ်တော်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က