ရော်နယ်ဒိုက အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာတင်ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်။
နယူးကာဆယ်နဲ့ပွဲမှာ သူ့နာမည်ကို သီချင်းလုပ်ဆိုခဲ့တဲ့ ပရိသတ်တွေကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး တုန်လှုပ်မိခဲ့ကြောင်း ရော်နယ်ဒိုက ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာတင်ခြေစွမ်းပြနိုင်ခဲ့ကာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်။
အိပ်မက်ကဇာတ်ရုံလို့ နာမည်ကြီးတဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာခဲ့ရတာလည်း ပဥ္စလက်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်လို့လည်း ပေါ်တူဂီသားကြီးကဆိုခဲ့ပါတယ်။ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို ရယူနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ တကျော့ပြန်အိမ်ပြန်လမ်းဟာ ပြီးပြည့်စုံမှုတွေနဲ့ စတင်နိုင်ခဲ့ပါတယ်။
BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း "မယုံကြည်နိုင်စရာပါပဲ၊ ပွဲစချိန်မှာ ကျွန်တော်စိတ်လှုပ်ရှားထိတ်လန့်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်နာမည်ကို တစ်ပွဲလုံးသီချင်းလုပ်ဆိုမယ်လို့ မမျှော်လင့်ထားလို့ပါ၊ တကယ်ကိုတုန်လှုပ်ခဲ့ရပါတယ်၊ ဒါပေမယ့် ဒါကိုကျွန်တော် မဖော်ပြတာလည်းဖြစ်နိုင်ပါတယ်၊ ကျွန်တော့်ကို ကြိုဆိုခဲ့တာက အ့ံမခန်းပါပဲ၊ ကောင်းကောင်းကစားပြချင်ခဲ့ပြီး အသင်းကို ကူညီနိုင်စွမ်း ကျွန်တော့်မှာရှိသေးတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတ်။
ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ၄ ပွဲကစားအပြီးမှာ ၃ပွဲအနိုင်ရထားပြီး တစ်ပွဲသရေကျထားကာ ချယ်လ်ဆီးနဲ့ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးနေရာကို ရရှိထားတာဖြစ်ပါတယ်။