ဘာစီလိုနာနဲ့ကစားနေတဲ့ပွဲမှာ ပရိသတ်တဦး မေ့လဲကျခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ကာဒစ်ဇ်နဲ့ ဘာစီလိုနာပွဲမှာတော့ ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တဦးက မေ့လဲကျခဲ့ပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၂ မိနစ်မှာဖြစ်ပွားခဲ့ပြီး ဘာစီလိုနာက ၂-၀ နဲ့ ဦးဆောင်နေချိန်ဖြစ်ကာ ဒီအဖြစ်အပျက်ကြောင့် ပွဲကိုရပ်တန့်ထားခဲ့ရပြီး ကွင်းအတွင်းမှာ ကစားသမားတွေအားလုံးလည်း စိုးရိမ်တကြီးဖြစ်နေခဲ့ကြသလို နှစ်ဖက်အသင်းသားတချို့က ဆုတောင်းမှု​တွေ ပြုလုပ်ခဲ့ကြပါတယ်။ 

အားလုံးက အရေးပေါ်အခြေအနေဖြစ်နေချိန်မှာ အံ့အားသင့်ကြက်သေသေနေခဲ့ကြပြီး ကွင်းလယ်ဒိုင်ကိုတော့ သတိပေးမှုတွေလုပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ကာဒစ်ဇ်ဂိုးသမား လီဒတ်စ်မာက အသင်းဆေးအဖွဲ့ဆီကနေ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတဲ့ စက်ကို အပြေးအလွှားသွားယူကာ ပွဲကြည့်စင်ပေါ် အရောက် သွားရောက်ပစ်ပေးခဲ့ပြီး အခြေအနေကိုလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေခဲ့ပါတယ်။ 


သူ့ရဲ့အပြုအမူအတွက်လည်း လီဒတ်စ်မာဟာ ချီးကျူးမှုတွေကို ရရှိနေခဲ့ပြီး တွစ်တာပေါ်မှာ ပရိသတ်အများအပြားက သူ့ကို စာရေးသားမှုတွေပြုလုပ်ကာ လေးစားမိကြောင်း ဖွင့်ဟခဲ့ကြပါတယ်။ အသင်းအရေးနိမ့်ချိန်ဖြစ်သလို အားလုံးကတုန်လှုပ်ကာ အံ့အားသင့်နေတဲ့အချိန် လီဒတ်စ်မာက အလုပ်သင့်အလုပ်ထိုက်ဆုံးအလုပ်တခုကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါပွဲဟာ တနာရီနီးပါးကြာ ရပ်နားခဲ့ရပြီးတော့ ပြန်လည်ကစားချိန်မှာ ဘာစီလိုနာက နောက်ထပ် ၂ ဂိုးသွင်းယူပြီး ၄-၀ နဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် လီဒတ်စ်မာကတော့ သူရဲကောင်းတဦးလို ချီးကျူးမှုတွေရရှိခဲ့ကာ ရလဒ်မကောင်းခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပေမယ့် သူ့အတွက်တော့ မမေ့နိုင်စရာအခိုက်အတန့်တခုဖြစ်ခဲ့မှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က