ဆီဗီလာအတွက် ပထမဆုံးသွင်းဂိုးကို ရရှိခဲ့ပါပြီ။

ယူနိုက်တက်ကနေ ဆီဗီလာကို အငှားနဲ့သွားကစားနေတဲ့ တိုက်စစ်မှူးမာရှယ်ဟာ အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ မာရှယ်က ဆီဗီလာအတွက် ၃ ဂိုးမြောက်ဂိုးကို ပထမပိုင်းနာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဆီဗီလာကလည်း ၃-၁ နဲ့ အနိုင်ရရှိခဲ့ကာ နောက်တဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးသာလွန်ခဲ့ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်မှာ ပွဲကစားခွင့်နည်းပါးပြီး ခြေစွမ်းလည်းမပြနိုင်ခဲ့တဲ့ မာရှယ်ကို ဆီဗီလာက ရာသီဝက်အငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မာရှယ်ကလည်း အသင်းပြောင်းရွှေ့ဖို့ကို စိတ်အားထက်သန်နေခဲ့တာဖြစ်ပြီး အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုလည်းရှိနေခဲ့ပေမယ့် ဆီဗီလာကိုသာ ရွေးချယ်ခဲ့ပြီး လက်ရှိမှာ ခြေစွမ်းပြနေပြီဖြစ်ပါတယ်။ 



အသင်းဖော်ရဲ့ ပေးပို့မှုကနေ မာရှယ်က ဂိုးဧရိယာထဲမှာ အနိမ့်ဘောကန်သွင်းမှုကို အသာအယာလေး ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ဆီဗီလာကစားသမားဘ၀ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် သူဟာ အသင်းအတွက် ၃ပွဲကစားပေးအပြီးမှာပဲ ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ်အထိရှိလာခဲ့ပြီး နည်းပြလော့ပ်တယ်ဂီရဲ့ သူ့ကိုခေါ်ယူမှုက မှန်ကန်နေပြီလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲကစားပြီး ၁ ဂိုးသာရခဲ့တဲ့ မာရှယ်က ဆီဗီလာမှာတော့ ၃ ပွဲကစားအပြီးမှာပဲ ၁ ဂိုးရဃဲ့ပြီဖြစ်ပါတယ်။ ညကပွဲမှာ ဂိုးသွင်းယူအပြီး ယူနိုက်တက်ပရိသတ်တွေကပါ သူခြေစွမ်းပြန်ပြလာတာကိုကြည့်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး၊ မာရှယ်ရဲ့ ပဉ္စလက်ဆန်တဲ့ ခြေစွမ်းတွေကို ပြန်မြင်ရတော့မယ် စသဖြင့် ရေးသားချီးကျူးခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က