ပထမဂိုးအတွက် လူပေးမှားခဲ့တာပါ။

ယူနိုက်တက် ဂိုးသမား အိုနာနာကတော့ မနေ့ညက ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဆိုးရွားတဲ့ လူပေးမှားမှုနဲ့အတူ သွင်းဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရပါသေးတယ်။ ဒါပေမယ့် ဒီပွဲမှာ ယူနိုက်တက်တို့ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အိုနာနာတစ်ယောက် ဝေဖန်သံတွေကနေ ကံကောင်းစွာနဲ့ ကင်းလွတ်ခဲ့ရပါတယ်။



ပထမပိုင်း ပွဲကစားချိန် (၃၅) မိနစ်မှာ အိုနာနာက ပြိုင်ဘက်တိုက်စစ်မှူး ဘိုဂဲလ်ဆီကို လူပေးမှားခဲ့တာဖြစ်ပါတယ်။ ဘိုဂဲလ်ကလည်း ရလာတဲ့ အခွင့်အရေးကို သွေးအေးအေးနဲ့ အသုံးချပြီး အိုနာနာကို ကျော်ဖြတ်ကာ ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးက ရှက်ဖီးအတွက် အဖွင့်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ပထမပိုင်းမပြီးခင်မှာတင် မက်ဂွိုင်းရားက ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေနဲ့ ဒုတိယပိုင်းအတွက် အနည်းငယ် ဖိအားလျော့ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစပြီး (၅) မိနစ်အကြာမှာလည်း ရှက်ဖီးက ဦးဆောင်ဂိုးထပ်သွင်းနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ယူနိုက်တက်တို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိခဲ့ပါတယ်။​ဒီဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်က နှစ်ဂိုး၊ ဟွိုက်လန်းက တစ်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်တို့ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အိုနာနာအတွက်ကတော့ ကံကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီး ကိုယ့်ထက် အင်အားကြီးတဲ့ အသင်းနဲ့သာဆိုရင် ယူနိုက်တက်တို့ တော်တော်လေး ရုန်းကန်ရနိုင်ပါတယ်။ နောက်ပိုင်းပွဲတွေမှာ အခြေအနေတည်ငြိမ်နေသည့်တိုင် အိုနာနာကတော့ ပရိသတ်တွေ မေ့လောက်ပြီဆိုရင် ထထဖောက်တဲ့ အစဉ်အလာကိုလည်း ထိန်းသိမ်းထားခဲ့ပါတယ်။

Share

Loading Next Article...
က္က