ရော်နယ်လ်ဒိုအနေနဲ့ ကစားသမားဘဝကနေ အနားယူလိုက်တာက ကောင်းလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်တွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အယ်လ် နာဆာအသင်းရဲ့ ဘုရင့်ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပြီးနောက် ၎င်းရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ကစားသမားဘဝကနေ အနားယူဖို့ တောင်းဆိုခဲ့ပါတယ်။

 

ရော်နယ်လ်ဒိုဟာ ဇန်နဝါရီလအစမှာ အယ်လ် နာဆာကို ပြောင်းရွှေ့ပြီးကတည်းက သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ အယ်လ် ဝါဒါးနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ ကွင်းထဲမှာ ဘယ်လောက်အထိ ကြာကြာ ဆက်ကစားနိုင်မှာလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

 

တနင်္လာနေ့ညက ဆော်ဒီ ဘုရင့်ဖလား ဆီမီးဖိုင်နယ်အဖြစ် အယ်လ် ဝါဒါးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အယ်လ် နာဆာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိခဲ့ပေမယ့်လည်း ဂျင်း-ဒေးဗစ် ဘိုဂယ်က ၂၃ မိနစ်မှာ ပွဲအဆုံးအဖြတ်ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်လ်ဒိုဟာ ပထမပိုင်းအပြီးမှာ ဂိုးပေါက်ရှာမတွေ့ဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ချိန်မှာ အရန်ခုံတန်းကို အော်ဟစ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြား ပြောစရာဖြစ်ခဲ့တာ အဲဒီကိစ္စမဟုတ်ခဲ့တာဖြစ်ပါတယ်။

 

TikTok ပေါ်မှာ တင်ခဲ့တဲ့ ၃၈ စက္ကန့်ကြာ ဗီဒီယိုထဲမှာ ရော်နယ်လ်ဒိုဟာ ကွင်းလယ်စည်းကနေ ဘောလုံးကို ပင်နယ်တီဧရိယာအစွန်ကို ဆွဲပြေးလာခဲ့ပြီး အယ်လ် ဝါဒါးညာနောက်ခံလူ ကာဒီကို ကျော်ဖြတ်ဖို့ ကြိုးပမ်းရာမှာ ဘယ်ဖက်ပေါင် နာကျင်သွားပုံပေါ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


နောက်ထပ်ပြကွက်တစ်ခုမှာ ရော်နယ်လ်ဒိုဟာ ဘယ်တောင်ပံကနေ ဘောလုံးလက်ခံရယူပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးပို့ရာမှာ တော်တော်လေး များသွားခဲ့တာကြောင့် မျက်နှာကို လက် ၂ ဖက်နဲ့ အုပ်ပြီး စိတ်ပျက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

 

နောက်ဆုံးပြကွက်မှာတော့ ရော်နယ်လ်ဒိုဟာ အသင်းဖော်ဆီကနေ ဘောလုံးလက်ခံရယူပြီးနောက် အယ်လ် ဝါဒါးကစားသမားက ဖိအားပေးနေခြင်းမရှိတဲ့အချိန်မှာတောင်မှ လှည့်ထွက်ရင်း ခြေချော်လဲကျပြီးနောက် ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။

 

ဒီဗီဒီယိုကို ကြည့်ရှုသူပေါင်း ၄.၅ သန်းရှိခဲ့ပြီး ရော်နယ်လ်ဒိုအနေနဲ့ ကစားသမားဘဝကနေ အနားယူလိုက်တာက ကောင်းလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့ မှတ်ချက်တွေလည်း ထောင်ပေါင်းများစွာ ရှိခဲ့တာဖြစ်ပါတယ်။

 

ပရိသတ်တစ်ဦးက “လေ့ကျင့်ရေးမှာ ခင်ဗျားဘာသာ ဘယ်လောက် ကြိုးစားစား သဘာဝကို လိမ်ညာလို့မရနိုင်ဘူး။ ခင်ဗျားက အားနည်းတာနဲ့ ခင်ဗျားက အားနည်းတာပဲ။ ကျွန်တော်က မက်ဆီ ပရိသတ်ပါ။ ရော်နယ်လ်ဒိုက ဂန္တဝင်ပါ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သူ ခြေစွမ်းကျဆင်းနေပြီ။ လူတွေက ဒီရာသီမှာ အဲဒါကို ဝန်ခံဖို့ အရမ်းကြောက်ရွံ့နေကြတယ်။”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က