မိသားစု၊ ဇနီးသည်နဲ့ ပရိသတ်တွေကို အင်စတာဂရမ်ပို့စ်မှာ ချီးကျူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ နှစ်သစ်ကို ကြိုဆိုတဲ့ ကြည်နူးဖွယ် ပို့စ်ကို တင်ခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူးအတွက် မယုံနိုင်ဖွယ် အနိမ့်အမြင့်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တနှစ်ဖြစ်ခဲ့ပြီး ပဲရစ်က ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရပြီးနောက် ဘလွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းမှာတောင် ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကို ကာတာမှာ သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၎င်းရဲ့ အောင်မြင်မှုအားလုံးအတွက် မိသားစု၊ ဇနီးသည်နဲ့ ပရိသတ်တွေကို အင်စတာဂရမ်ပို့စ်မှာ ချီးကျူးဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၎င်းနဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာ ရိုကုဇို၊ သား ၃ ဦးတို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ပြီး "ကျွန်တော် ဘယ်တော့မှ မမေ့နိုင်မယ့်နှစ်တစ်နှစ် ကုန်ဆုံးသွားပါပြီ။ ကျွန်တော် အမြဲတမ်း ဖြစ်လာဖို့ ကြိုးပမ်းခဲ့ရတဲ့အိပ်မက်က နောက်ဆုံးမှာတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် အဲဒါက ကျွန်တော် ရရှိထားတဲ့အကောင်းဆုံးအရာတစ်ခုဖြစ်တဲ့ အံ့အားသင့်စရာမိသားစု၊ ကျွန်တော့်ကို အမြဲတမ်းအားပေးထောက်ခံပြီး လဲကျခွင့် ဘယ်တော့မှ မပေးခဲ့တဲ့ သူငယ်ချင်းတွေနဲ့အတူ မျှဝေနိုင်ခဲ့တာကြောင့်မို့သာဖြစ်ပြီး အဲဒီလိုတွေသာ မရှိခဲ့ရင် ဘာမှ တန်ဖိုးရှိမှာမဟုတ်ပါဘူး"

"ကျွန်တော့်ကို အားပေးပြီး ကျွန်တော်နဲ့အတူ ရပ်တည်တဲ့ လူတွေအားလုံးအတွက်လည်း အရမ်းထူးခြားတဲ့ အမှတ်တရတွေ ရှိချင်ခဲ့ပါတယ်။ ဒီ လမ်းကြောင်းကို ခင်ဗျားတို့အားလုံးနဲ့အတူ မျှဝေနိုင်ခဲ့တာက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့နိုင်ငံအပြင် ပဲရစ်၊ ဘာစီလိုနာနဲ့ တခြား မြို့တွေ၊ နိုင်ငံတွဆီကနေ ကျွန်တော် ရရှိခဲ့တဲ့ ချစ်ခြင်းတွေနဲ့ ရဲရင့်မှုတွေသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော် ရောက်နေခဲ့တဲ့နေရာကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနှစ်က အားလုံးအတွက်လည်း အံ့အားသင့်ဖွယ်ဖြစ်ပါစေလို့ ဆုတောင်းပေးပြီး ခင်ဗျားတို့အားလုံး ၂၀၂၃ ခုနှစ်မှာ ကျန်းကျန်းမာမာနဲ့ သန်သန်မာမာ ဆက်ရှိနေပါစေလို့ ဆုတောင်းပါတယ်။ အားလုံးကို အကြီးကြီး ပွေ့ဖက်လိုက်ပါတယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က