ဆီနီဂေါပြည်သူတွေရဲ့ ဆန္ဒအတိုင်း အသင်းကထွက်မယ်လို့ မာနေးက ပြောခဲ့တာပါ။

လီဗာပူးနဲ့ဆီနီဂေါကြယ်ပွင့် မာနေးက သူ့အနေနဲ့ ဆီနီဂေါပြည်သူတွေရဲ့ ဆန္ဒအတိုင်း လီဗာပူးကနေ ထွက်ခွာသွားမယ်ဆိုတဲ့စကားက နောက်ပြောင်မှုတခုသာဖြစ်ကြောင်း ဖြေရှင်းလာပါတယ်။ မာနေးဟာ မနေ့က ဘီနင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆီနီဂေါအတွက် ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။



ဒီပွဲမတိုင်ခင်မှာ မာနေးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ “ကျနော့်အနေနဲ့ လီဗာပူးနဲ့ အသင်းပရိသတ်တွေကို လေးစားပါတယ်။ ဒါပေမယ့် ဆီနီဂေါလူမျိုး (၆၀) ကနေ (၇၀) ရာခိုင်နှုန်းက ကျနော့်ကို လီဗာပူးကနေ ထွက်စေချင်တာလား?”

“ဒါဆို သူတို့ဖြစ်စေချင်တဲ့အတိုင်း ကျနော်လုပ်မှာပေါ့” လို့ ပြောကြားခဲ့ပါတယ်။ မာနေးရဲ့ ပြောစကားကြောင့် လီဗာပူးပရိသတ်တွေ အကြီးအကျယ် စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မာနေးက “ကျနော် မနေ့က ပြောတဲ့စကားက ဟာသတွေပါ”

“ဒါမျိုးက နေရာတိုင်းမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီအကြောင်းတွေကို ဒီနေရာမှာတင် ရပ်သင့်ပြီလို့ထင်ပါတယ်။ လီဗာပူးက ကျနော် အများကြီး လေးစားရတဲ့အသင်းတသင်းပါ။ ပရိသတ်တွေက ကျနော် လီဗာပူးကို စရောက်တဲ့နေ့တည်းက သွေးသားရင်းချာလို ပြုမူခဲ့ပါတယ်”

“အနာဂတ်နဲ့ပတ်သက်လို့တော့ ဘာတွေဖြစ်မလဲ ကျနော်တို့ စောင့်ကြည့်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၀) အရွယ် မာနေးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က အဓိက စိတ်ဝင်စားနေပါတယ်။ လီဗာပူးအနေနဲ့တော့ မာနေးကို အသင်းမှာဆက်ရှိစေချင်ရင် တပတ်လုပ်ခ ပေါင် (၄) သိန်းဝန်းကျင် ပေးချေဖို့ လိုအပ်ပါတယ်။  

Share

က္က