မနေ့က ရိုးမားနည်းပြ မော်ရင်ဟိုဟာ အသင်းကနေ ထွက်ခွာလာချိန်၊ ပရိသတ်တွေနဲ့ တွေ့ဆုံချိန်မှာ မျက်ရည်ကျခဲ့ကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုဟာ အေစီမီလန်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ရိုးမားနည်းပြအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရတာပါ။
ဒါ့အပြင် ရိုးမားဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ (၂၀) ပွဲမှာ (၈) ပွဲသာ အနိုင်ရရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မော်ရင်ဟိုရဲ့ရိုးမားက ဆိုးရွားတဲ့ ခြေစွမ်း၊ ရလဒ်ပိုင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ကိုပါအီတလီယာ၊ စီးရီးအေအစရှိတဲ့ ပြိုင်ပွဲနှစ်ပွဲဆက်တိုက်မှာလည်း တိုက်ရိုက်အနီကတ်တွေ ပြသခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းပိုင်ရှင် ဖရက်ဒ်ကင်မိသာားစုက မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟို အထုတ်ပယ်ခံရတဲ့သတင်းက တော်တော်လေးကို အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ ရိုးမားကစားသမားတွေကိုယ်တိုင်က သူတို့ နည်းပြ အထုတ်ခံခဲ့ရတာကို မသိရှိခဲ့ဘဲ အသင်းပိုင်ရှင်တွေဘက်က ကစားသမားတွေကို သီးသန့် ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ မော်ရင်ဟိုဟာ ရိုးမား လေ့ကျင့်ရေးကွင်းကနေ ထွက်ခွာလာချိန်မှာ မျက်ရည်ကျခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ သတင်းထောက်တွေက မော်ရင်ဟိုကို သူ့ရဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ မော်ရင်ဟိုက အခုလိုမျိုးပဲ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။