နောက်ဆုံးမိနစ်ဂိုးနဲ့ သရေကျခဲ့ပြန်တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာလည်း အလွန်ဆိုရဲ့ လေဗာကူဆင်က နောက်ဆုံးမိနစ်သွင်းဂိုးနဲ့အတူ ရှုံးပွဲနဲ့ ကြုံတွေ့ရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ စတုဂတ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ အဆိုပါပွဲမှာ လေဗာကူဆင်တို့ နှစ်ဂိုးစီသရေကျခဲ့တာပါ။



ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၅) မိနစ်အထိ ၁-၂ ဂိုးနဲ့ လေဗာကူဆင်တို့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို (၅) မိနစ်အကျော်မှာတော့ အန်းဒရစ်ချ်က လေဗာကူဆင်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး သူတို့ရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ရှေ့ဆက်နိုင်ခဲ့ပါတယ်။

လေဗာကူဆင်ဟာ အစောပိုင်းမှာ နှစ်ဂိုးပြတ်အထိ အရေးနိမ့်နေခဲ့ပြီးမှ နောက်ကလိုက်ကစားခဲ့ရတာပါ။ ဒုတိယပိုင်း (၄၇) မိနစ်နဲ့ (၅၆) မိနစ်တို့မှာ စတုဂတ်ဘက်က ဦးဆောင်ဂိုးတွေ အရင်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှ လေဗာကူဆင်က (၆၁) မိနစ်မှာ အဒီလ်ရဲ့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လေဗာကူဆင်တို့ ချေပဂိုးရရှိဖို့အတွက် ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးမရရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း လေဗာကူဆင်တို့ ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း အန်းဒရစ်ချ်ရဲ့ ချေပဂိုးက လေဗာကူဆင်ကို ကယ်တင်ပေးခဲ့ပြီး ရှုံးပွဲမရှိစံချိန်က ရှေ့ဆက်ခဲ့ပါတယ်။ လေဗာကူဆင်ဟာ ဒီရာသီ မတူညီတဲ့ (၁၀) ပွဲမှာ နောက်ဆုံးမိနစ်မှ ချေပဂိုး ဒါမှမဟုတ် အနိုင်ဂိုးရရှိခဲ့တဲ့ မှတ်တမ်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က