အသင်းကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ယာယီနည်းပြအဖြစ် ၃ ပွဲတာဝန်ယူပေးခဲ့ပြီး ၂ပွဲနိုင်၊ ၁ပွဲသရေကျခဲ့ကာ ရလဒ်ကောင်းတွေရယူပေးခဲ့တဲ့ ကာရစ်က ယူနိုက်တက်မှာ စုစုပေါင်း ၁၅ နှစ်တိုင်ရှိနေခဲ့သူဖြစ်ပါတယ်။


အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာတော့ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ယူပေးထားတဲ့ မိုက်ကယ်ကာရစ်ဟာ နည်းပြအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ပြီး အသင်းကနေပါ အပြီးတိုင်ထွက်ခွာသွားပြီလို့ ကြေညာသွားခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရလို့ ပရိသတ်​တွေ အပျော်တောင်မဆုံးခင်မှာ ကာရစ်ရဲ့ သတင်းက အားလုံးကို စိတ်မကောင်းဝမ်းနည်းစေခဲ့ပါတယ်။



ယူနိုက်တက်ယာယီနည်းပြအဖြစ် ၃ ပွဲတာဝန်ယူပေးခဲ့ပြီး ၂ပွဲနိုင်၊ ၁ပွဲသရေကျခဲ့ကာ ရလဒ်ကောင်းတွေရယူပေးခဲ့တဲ့ ကာရစ်က ယူနိုက်တက်မှာ စုစုပေါင်း ၁၅ နှစ်တိုင်ရှိနေခဲ့သူဖြစ်ပါတယ်။ စပါးကနေ ပေါင် ၁၆ သန်းနဲ့ ဖာဂူဆန်က ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူက အသင်းရဲ့အဓိကကစားသမားအဖြစ်ခြေစွမ်းပြနိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုပါ ရရှိခဲ့ပါတယ်။ 

ကစားသမားဘ၀က အနားယူချိန်မှာလည်း သူက အသင်းမှာဆက်လက်ရှိနေခဲ့ပြီး နည်းပြအဆက်ဆက်လက်အောက်မှာ လေ့လာသင်ယူမှုတွေပြုလုပ်နေခဲ့ပါတယ်။ ဆိုးလ်ရှာထုတ်ပယ်ခံရပြီးနောက် သူက ယာယီနည်းပြဖြစ်လာခဲ့ပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် လာမယ့်နည်းပြသစ်အဖြစ် ရန်းဂ်နစ်ခ်ကို ခန့်အပ်ခဲ့လို့ နည်းပြအဖွဲ့ဝင်အဖြစ် ပုံမှန်တာဝန်ပြန်ယူရမှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အပြီးတိုင်ထွက်ခွာဖို့အတွက် ကာရစ်က ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကာရစ်က "ဒီလိုကြီးကျယ်ခမ်းနားတဲ့အသင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ကျွန်တော့်ကစာသမားဘ၀ရဲ့ အကောင်းဆုံးအချိန်လို့ အမြဲတမ်းတွေးထားတာပါ၊ အသင်းနဲ့ လက်မှတ်စထိုးချိန်မှာ အဲလောက်ထိအောင်မြင်မှုရမယ်လို့လည်း မထင်ထားခဲ့ဘူး၊ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖွဲ့ဝင်တယောက်နဲ့ပါ ဖြတ်သန်းခဲ့ရတဲ့ အံ့ဩဖွယ်အမှတ်တရတွေကို မေ့မှာမဟုတ်ပါဘူး"

"သေချာစဉ်းစားပြီးချိန်မှာ အခုအချိန်က အသင်းကထွက်ဖို့အသင့်တော်ဆု့းလို့ ဆုံးဖြတ်ခဲ့တာပါ၊ အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်၊ ကျွန်တော်က ယူနိုက်တက်ပရိသတ်အဖြစ်ရှိနေမှာပါ၊ ပွဲတွေလည်း တတ်နိုင်သလောက်လာကြည့်မယ်၊ နည်းပြသစ်ရန်းဂ်နစ်ခ်အကောင်းဆုံးဖြစ်စေဖို့လည်း ဆုမွန်ကောင်းတောင်းပါတယ်၊ ဒီအကြောင်းကို ကစားသမားတွေကို စောနကလေးတင်မှ (ပွဲအပြီးသိပ်မကြာခင်မှ) ပြောခဲ့တာပါ"


'သူတို့လည်း အံ့အားသင့်နေပြီး​တော့ တချို့က ဝမ်းနည်းနေကြတယ်၊ ​ဘယ်သူတဦးတယောက်ရဲ့ ပယောဂမှမပါဘဲ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ၊ အသင်းနဲ့ ကစားသမားတွေကို ဦးစားပေးပြီး ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က