မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲစဉ်မှာ လူစားဝင်မကစားမီ အဲရစ် တန်ဟက်နဲ့ ဂျေဒန် ဆန်ချိုတို့ ပြုံးပျော်နေကြတဲ့အခိုက်အတန့်ကို နှစ်သက်ခဲ့ကြပါတယ်။
ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ပါဝင်ကစားပေးရခြင်းမရှိခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်က အင်္ဂလန်တောင်ပံကစားသမားရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတွေရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျေဒန် ဆန်ချိုဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံး ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲကစားချိန် မိနစ် ၆၀ ပြည့်မြောက်ခဲ့ပြီးနောက် အဲရစ် တန်ဟက်ဟာ ဆန်ချိုကို လူစားဝင်ကစားစေခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားက ကွင်းထဲဝင်ဖို့ စောင့်ဆိုင်းနေချိန်မှာ မျက်နှာက ပြုံးရွှင်နေခဲ့တာ ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ် တန်ဟက်က အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားနဲ့ ကွင်းဘေးစည်းမှာ နည်းစနစ်ပိုင်း ညွှန်ကြားမှုအချို့ ပြုလုပ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းထဲက ပရိသတ်တွေက 'ဆန်ချို၊ ဆန်ချို'ဆိုတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
တန်ဟက်နဲ့ ဆန်ချိုတို့ကြားမှာ ဖြစ်ခဲ့တဲ့ အခိုက်အတန့်ဟာ မန်ယူနိုက်တက်ပရိသတ်တွေကြားမှာ သတိမပြုဘဲ မနေနိုင်ဖြစ်ခဲ့ကြတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဒတ်ချ်လူမျိုး နည်းပြကို ချီးကျူး ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ "ဆန်ချိုက တန်ဟက်နဲ့ ပြုံးရွှင်နေတယ်။ ကင်ရမယ့် အချိန်ကျပြီ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဆန်ချိုရဲ့ အပြုံးနဲ့ တန်ဟက်ရဲ့ အားပေးမှုအနည်းငယ်က ငါ မြင်တွေ့ဖို့ လိုအပ်နေတဲ့အရာတွေပဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။