မာဆယ်လိုက ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေဆဲပါ။

ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးတဲ့နောက် ဘရာဇီးလူမျိုး ဘယ်နောက်ခံလူ မာဆယ်လိုဟာ လက်ရှိအချိန်ထိ အသင်းသစ်ရှာဖွေနိုင်ခြင်းမရှိသေးတာကြောင့် ကစားသမားဘဝကနေ အနားယူသွားနိုင်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ မာဆယ်လိုအတွက် ကာတာနဲ့ မေဂျာလိဂ်ဘက်က ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။



ဒါပေမယ့်လည်း ဒီကမ်းလှမ်းမှုတွေအပေါ် မာဆယ်လိုက စိတ်ဝင်စားခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန် နီးကပ်လာသလို ရာသီသစ်ကိုလည်း စတင်နေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မာဆယ်လိုတယောက် ကမ္ဘာ့ဖလားဝင်ကစားဖို့ ပစ်မှတ်ထားနေတဲ့ သူ့ရဲ့ဆန္ဒကို ပြောင်းလဲပြီး ကစားသမားဘဝက အနားယူသွားနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝ (၁၅) နှစ်ကြာဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားပေါင်း (၂၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်သမိုင်းတလျှောက် ဆုဖလားအများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းကစားသမားု ကစားနိုင်ဖို့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မာဆယ်လိုဟာ ကာတာနဲ့မေဂျာလိဂ်ကအသင်းတွေအပြင် ဗယ်လာဒိုးလစ်၊ လိုင်ယွန်၊ အေစီမီလန်၊ ဖီနာဘာချီနဲ့ ငယ်ဘဝအသင်း ဖလူမင်နိစ်တို့နဲ့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရရှိခဲ့တာကြောင့် မာဆယ်လိုအနေနဲ့ ကစားသမားဘဝက အနားယူသွားဖို့ စဥ်းစားနေကြောင်း မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။ မာဆယ်လိုဟာ သူပူးတွဲပိုင်ဆိုင်တဲ့ ဘရာဇီးကလပ် အဇူရစ်ဇ်နဲ့ ပေါ်တူဂီ ဒုတိယတန်းကလပ် မာဖရာတို့အတွက်သာ အာရုံစိုက်သွားဖွယ်ရှိကြောင်းသိရှိရပါတယ်။ ဒီအသင်းတွေရဲ့ လူငယ်ကစားသမားတွေကို လေ့ကျင့်မြေတောင်မြှောက်ပေးပြီး ဥရောပဆီတင်ပို့နိုင်ဖို့ မာဆယ်လိုက ဆန္ဒရှိနေပါတယ်။

မာဆယ်လိုဟာ ကစားသမားဘဝက အနားယူသွားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ကို ပြန်လာခဲ့ရင်လည်း အသင်းရဲ့သံတမန်အဖြစ် ကမ်းလှမ်းခံရဖွယ်ရှိပါတယ်။ လက်ရှိအချိန်ထိတော့ မာဆယ်လိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ တစုံတရာပြတ်ပြတ်သားသား မသိရှိရသေးပါဘူး။ 

Share

Loading Next Article...
က္က