ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီဟာ မနေ့ညက မန်စီးတီးကို အနိုင်ယူကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် လက်ထောက်နည်းပြလည်းဖြစ်၊ သူ့ရဲ့သားလည်းဖြစ်တဲ့ ဒါဗီဒေကို ပွေ့ဖက်ငိုကြွေးနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ အံ့အားသင့်ဖွယ်နိုင်ပွဲနဲ့အတူ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
မာရက်ဇ်ရဲ့သွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်တို့ မိနစ် (၉၀) အထိ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့သလို နှစ်ကျော့ပေါင်းရလဒ်မှာလည်း ၅-၃ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် အန်ဆယ်လော့တီ လူစားလဲထည့်သွင်းလိုက်တဲ့ ရိုဒရီဂိုက မိနစ် (၉၀) နဲ့ (၉၁) မိနစ်တို့မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ နှစ်ကျော့ပေါင်းရလဒ် ငါးဂိုးစီ ဖြစ်သွားခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ဘန်ဇီမာရဲ့ ပင်နယ်တီဂိုးကြောင့် ၃-၁ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က လီဗာပူးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
အန်ဆယ်လော့တီအတွက်လည်း အခုလိုမျိုး ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၅) ကြိမ်အထိ တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးနဲ့ပွဲမှာ ပွဲသိမ်းခရာမှုတ်ပြီးတဲ့နောက် အန်ဆယ်လော့တီတယောက် သူ့ရဲ့စိတ်ခံစားချက်ကို ဘယ်လိုမှ မထိန်းသိမ်းနိုင်ဖြစ်ခဲ့ရပါတယ်။
အန်ဆယ်လော့တီဟာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလည်းဖြစ်တဲ့ ဒါဗီဒေကို ပွေ့ဖက်ငိုယိုပြီး မျက်ရည်တွေနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီမြင်ကွင်းကို ရုပ်သံမြင်ကွင်းတွေမှာလည်း တိုက်ရိုက်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေအတွက်လည်း မျက်ရည်လည်စရာ အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပီအက်စ်ဂျီနဲ့အိမ်ကွင်းပွဲမှာလည်း နောက်ကလိုက်ကစားရင်း ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။ ီး မျက်ရည်တွေနဲ့ အောင်ပွဲခံခဲ့ပါတတ်ဆိုင်ကစားုလ်လုပွဲမှာတော့ ရၕီးရစု ုင်ကစားာ သတိပေး
ခြ့ပချဲလ်ဆီးနဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ အိမ်ကွင်းပွဲမှာလည်း ချဲလ်ဆီးရဲ့ဂိုးပြတ်ဦးဆောင်မှုကို နောက်ကလိုက်ကစားရင်း အချိန်ပိုမှာ အနိုင်ယူခဲ့ပါတယ်။
အခုဆီမီးဖိုင်နယ်မှာလည်း မန်စီးတီးကို အလားတူပုံစံမျိုးနဲ့ ပြန်လည်အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့စနေကမှ အက်စ်ပန်ညိုကို အနိုင်ယူကာ လာလီဂါချန်ပီယံဆုနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ထပ်မံဆွတ်ခူးနိုင်မလားဆိုတာ မေ (၂၈) မှာ အဖြေပေါ်မှာပဲဖြစ်ပါတယ်။