မော်ရင်ဟိုကတော့ ခံစစ်မှ ခံစစ်ဆိုတဲ့အတိုင်း ဖြစ်နေတာပါ။

ဖီနာဘာချီ နည်းပြ မော်ရင်ဟိုကတော့ လူဂါနိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့မှာ သုံးဂိုးအထိ ပြန်ပေးခဲ့ရတဲ့အပေါ် မပျော်ရွှင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဖီနာဘာချီက လူဂါနိုကို အဝေးကွင်းမှာ ၃-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲမှာ ဂျက်ကိုက ဖီနာဘာချီအတွက် ဟက်ထရစ်သွင်းယူပေးပြီး ခြေစွမ်းပြနိုင်ခဲ့သလို အနိုင်လည်း​ရခဲ့တာပါ။ ဒါပေမယ့်လည်း ခံစစ်တန်းက (၃) ဂိုးပြန်ပေးရတဲ့အပေါ် မော်ရင်ဟိုက မကျေမနပ်ဖြစ်နေပြီး ရိုင်ယန်ကန့်ကိုလည်း ဒုတိယအကျော့အတွက် ကစားသမားစာရင်းကနေ ချန်လှပ်ဖို့ ပြင်ဆင်ထားပါတယ်။

မော်ရင်ဟိုက “တစ်ပွဲတည်း (၇) ဂိုးမြင်တွေ့ရတာက ပရိသတ်တွေအတွက်တော့ ပျော်စရာပါ။ ဒါပေမယ့် နည်းပြတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ ခံစစ်ကြောင်းက (၃) ဂိုးပေးလိုက်ရတာက ပြဿနာရှိပါတယ်။ တည်ကန်ဘောတွေကနေ ဂိုးပေးရတာကို ကျနော် မကြိုက်ပါဘူး”

“ဒုတိယဂိုးဆိုရင် လွယ်လွယ်လေး ပေးလိုက်ရတာ၊ တတိယဂိုးဆိုရင်လည်း မမျှတပါဘူး။ ပြိုင်ဘက်က ကျနော်တို့ကို ဘောလုံးပြန်ပေးသင့်ပေမယ့် မလုပ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က