ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ကစားရမှာပါ။

ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေပြီး ပွဲမပြီးခင် ပရိသတ်တွေ စိတ်ပျက်ပြီးတောင် ထပြန်နေရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂျ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ အကောင်းဆုံးကစားနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ 

ယူနိုက်တက်ဟာ အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အသင်းကစားဟန်၊ ကစားသမားတွေရဲ့ အားထုတ်မှုနဲ့ အသင်းတွင်းပြသနာဆိုးရွားနေမှုတွေကို ပရိသတ်တွေက စိတ်ပျက်နေတာပါ။ ဒီလိုအချိန်မှာ ဘိုင်ယန်လိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲကိုလည်း အများကြီးမျှော်လင့်ထားလို့မရတာကို သဘောပေါက်ထားပြီးဖြစ်ပါတယ်။ 

ဒါပေမယ့် တန်ဟက်ဂျ်က "အသင်းကောင်းတသင်းနဲ့ ကျနော်တို့ ရင်ဆိုင်ရမှာပါ၊ အခွင့်အရေးလည်း ဖြစ်ပါတယ်၊ ဒီအသင်းနဲ့ သက်ဆိုင်တဲ့ ချန်ပီယံလိဂ်မှာ ပြန်ကစားရဖို့အတွက်ကို ကျနော်တို့အားလုံးက မျှော်လင့်နေခဲ့တာပါ၊ ဒီလိုပြိုင်ပွဲမှာ အသင်းကောင်းတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရမှာပဲ"

"အသင်းလိုက်ရော၊ တဦးချင်းပါ ကောင်းမွန်တဲ့ ပုံစံကို ပြသနိုင်ရပါလိမ့်မယ်၊ ဘိုင်ယန်က ဗိုလ်စွဲဖို့အတွက် ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး မြူးနစ်မှာ ကျနော်တို့ ကောင်းကောင်းကစားနိုင်ဖို့ လိုပါတယ်၊ ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ပြသရပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က