မက်ဂွိုင်းရားက ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို နောက်ခံလူ မက်ဂွိုင်းရားကလည်း ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို တွမ်မီနေးနဲ့ ဒါလော့တို့က သွင်းယူခဲ့တာပါ။



ယူနိုက်တက်တို့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပြီး မက်ဂွိုင်းရားကလည်း ရှက်ဖီးရဲ့ တိုက်စစ်ဆင် ထိုးဖောက်မှုတွေကို အကောင်းဆုံး ကာကွယ်ပြခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂွိုင်းရားက ဘောလုံးရှင်းထုတ်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တာကိုလည်း အချက်အလက်မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။


မက်ဂွိုင်းရားဟာ ဘောလုံးရှင်းထုတ်မှု (၃) ကြိမ်၊ ဖျက်ထုတ်မှု (၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို ဘောလုံးပေးပို့မှု တိကျမှုနှုန်းကလည်း (၈၂) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး မက်ဂွိုင်းရားကတော့ “အကောင်းဆုံး ကစားပုံမဟုတ်ခဲ့သည့်တိုင် အရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


မက်ဂွိုင်းရားဟာ အရင်တုန်းက ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့ ကစားသမားပါ။ ဒါပေမယ့် အခု အခွင့်အရေးရချိန်မှာတော့ အကောင်းဆုံး အသုံးချပြနေပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ပြန်လည် ရရှိလာခဲ့ပြီဖြစ်ပါတယ်။


ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကလည်း “မက်ဂွိုင်းရားက အကောင်းဆုံးဆုရသွားတာ ထိုက်တန်ပါတယ်။ သူက ပွဲကောင်းတစ်ပွဲကို ကကစားပြခဲ့ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းကို ကောင်းကောင်းပြသခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် ပျော်ရွှင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က