ခန့်မှန်းလို့ မရနိုင်ဆုံး ပရီးမီးယားလိဂ်ရာသီတွေထဲက တစ်ခုရဲ့ ရာသီအလယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အာဆင်နယ်အသင်းဟာ ၁၉ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်တော့မယ့်ပုံပေါ်နေပြီဖြစ်ပါတယ်။
မန်ချက်စတာစီးတီအသင်းဟာ ဂန်းနားတွေကို မျက်ခြည်မပြတ်ဖို့ ရုန်းကန်နေရပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ အဆင့် ၉၊ ၁၀ နေရာမှာ ရပ်တည်နေရချိန်မှာ ယနေ့ညမှာ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်သွားကြတော့မှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်လ် ယူနိုက်တက်တို့ပါဝင်နေတဲ့ တမူထူးခြားတဲ့ ထိပ်ဆုံး ၄ နေရာကို မြင်တွေ့နေရပြီး ဒီအသင်းတွေ ရောက်ရှိနေတဲ့နေရာဟာ အဓိကကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ အဓိက သက်ဆိုင်နေတာဖြစ်ပါတယ်။
မာတင် အော်ဒီဂွါဒ်၊ ဘူကာယို ဆာကာ၊ ဝီလီယံ ဆာလီဘာတို့လို ကစားသမားတွေဟာ နည်းပြ အာတီတာရဲ့ လမ်းညွှန်မှုအောက်မှာ ဂန်းနားတွေအတွက် ရပ်တန့်လို့မရနိုင်ဖြစ်နေခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းရဲ့ ရာသီလယ် သွင်းဂိုးအရေအတွက်ဟာ ပြီးခဲ့တဲ့ ၇ ရာသီမှာ ရွှေဖိနပ်ဆုရခဲ့တဲ့ ဂိုးအရေအတွက်ကို ရောက်ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်လ်ယူနိုက်တက်တို့အတွက် ကာစီမီရိုနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ တည်ကန်ဘော ကျွမ်းကျင်သူ ထရစ်ပီယာတို့ဟာ ချီးကျူးမှုတွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၂-၂၀၂၃ ရာသီမှာ လက်ရှိအချိန်အထိ အကောင်းဆုံးကစားသမားတွေထဲက ဘယ်သူလဲလို့ ဆုံးဖြတ်ဖို့အတွက် ပရိသတ်တွေက လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကြယ်ပွင့်ကစားသမား ၁၀ ဦးကို သတ်မှတ်ခဲ့ကြပါတယ်။
ပရိသတ်တွေ ရွေးချယ်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီရဲ့ အကောင်းဆုံးပရီးမီးယားလိဂ်ကစားသမား ၁၀ ဦး
၁၀။ ကီရန် ထရစ်ပီယာ(နယူးကာဆယ်လ်)
၉။ ဂါဘရီယဲလ် ဂျေးဇု(အာဆင်နယ်)
၈။ မားကပ်စ် ရက်ရှ်ဖို့ဒ်(မန်ယူနိုက်တက်)
၇။ ဘူကာယို ဆာကာ(အာဆင်နယ်)
၆။ ကာစီမီရို(မန်ယူနိုက်တက်)
၅။ အိုင်ဗန် တိုနီ(ဘရန့်တ်ဖို့ဒ်)
၄။ ရူဘင် ဒီယက်စ်(မန်စီးတီး)
၃။ ကီဗင် ဒီဘရိုင်းနား(မန်စီးတီး)
၂။ အာလင်း ဟာလန်း(မန်စီးတီး)
၁။ မာတင် အော်ဒီဂွါဒ်(အာဆင်နယ်)
ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသင့်တယ်ဆိုတာ ငြင်းဖို့ ခက်မှာဖြစ်ပြီး ဟာလန်းကတော့ ကြောက်မက်ဖွယ် ဂိုးသွင်းနှုန်းကြောင့် ဒုတိယ၊ ဒီဘရိုင်းနားက တတိယနေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီစာရင်းထဲမှာ အံ့အားသင့်ဖွယ် မပါဝင်နိုင်ခဲ့တဲ့ကစားသမားတွေကတော့ အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဝီလီယံ ဆာလီဘာနဲ့ မာတီနယ်လီတို့ဖြစ်ပြီး ပြင်သစ်နောက်ခံလူဟာ ဂန်းနားတွေရဲ့ မာကျောတဲ့ခံစစ်အတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်သလို မာတီနယ်လီကလည်း ဂန်းနားတို့ရဲ့ တိုက်စစ်မှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။