စဉ်ဆက်ပညာရေးမှာ အစီအစဉ် ခြောက်ခုပါဝင်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးလုပ်ငန်းအစီအစဉ်၊ ဘဝသာယာရေးအစီအစဉ်၊ တစ်ဦးချင်းဝါသနာပါရာလုပ်ငန်းအစီအစဉ်၊ အနာဂတ်ဦးတည်ပညာရေးအစီအစဉ်နဲ့ ကျောင်းတွင်းပညာရေးနှင့် တန်းညှိအစီအစဉ် တို့ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံတည်ဆောက်‌ရေးမှာ ပညာရေးနဲ့ စီးပွားရေးက အရေးကြီးဆုံးဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ဘေးအပြင် ပဋိပက္ခမတည်ငြိမ်မှုတွေနဲ့ ကျောင်းသားလူငယ်တွေ ပညာရေးနဲ့ ဝေးနေခဲ့တာ ၂ နှစ်နီးပါး ရှိလာပါပြီ။ 

Photo: UNICEF Myanmar

၂၀၂၁ ခုနှစ် ဇန်နဝါရီ လအတွင်း UNICEF Myanmar ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကပ်ကြောင့် ကျောင်းသားပေါင်း ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်နစ်နာခဲ့ရပြီး ကျောင်းသားလူငယ်များ၏ သုံးပုံတစ်ပုံကျော်မှာ အဝေးမှ သင်ကြားရေးကို လက်လှမ်းမမီနိုင်သလို ကျောင်းတွေပိတ်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာမှုမှာ အလွန်တရာကြီးမားလှတယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျောင်းပြင်ပရောက်ရှိခဲ့တဲ့ ကလေးငယ်ဦးရေမှာ ၂၄ သန်းအထိ မြင့်တက်လာခဲ့ကာ နှစ်ပေါင်းများစွာအတွင်း မကြုံတွေ့ခဲ့ကြရဘဲ ကျော်လွှားနိုင်ဖို့ လည်း ခဲခဲယဉ်းယဉ်းကြိုးပမ်းကြရတဲ့ အတိုင်းအတာအထိ ရောက်ရှိလာတယ်လို့ UNICEF ထုတ်ပြန်ချက်မှာ ဖော်ြပထားတာပါ။ ကလေးများ ရဲ့ အဖတ်၊ အရေးနှင့် အခြေခံသင်္ချာစွမ်းရည်များ ထိခိုက်ခဲ့ရပြီး ၂၁ ရာစု စီးပွားရေးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ လျော့ကျလာစေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ‌လည်း ကိုဗစ်ကပ်‌‌ရောဂါအပြင် နိုင်ငံ‌‌ရေး အခြေအနေအရ ကျောင်းနေအရွယ်ကလေးသူငယ်တွေနဲ့ လူငယ် ၁၂ သန်းနီးပါးရဲ့ ပညာသင်ယူခွင့် အရှိန်ကိုဖြတ်တောက်လိုက်သလိုဖြစ်သွားတယ်လို့ UNICEF က ဆိုပါတယ်။ 

ဒါကြောင့် လက်ရှိနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကာလအတွင်း ကလေးတွေကို ပညာရေးအတွက် ဘယ်လိုပံ့ပိုးမလဲ။ ပြန်လည်ထူထောင်ရေးကာလ ရောက်သွားတဲ့အခါ ကလေးတွေ အနာဂတ်ပညာရေးအတွက် ဘာတွေ ဆက်လုပ်သင့်သလဲဆိုတာတွေကို Nway Oo Homeschooling မှ အကြံပြုဆွေးနွေးထားပါတယ်။

Photo: UNICEF Myanmar

ပဋိပက္ခကာလအတွင်း နေအိမ်အခြေပြုသင်ကြားခြင်း

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်လုပ်တဲ့အခါ  ပိုမိုလွယ်ကူအောင် အခုချိန်မှာတော့ အိမ်ကနေ သင်ယူနိုင်တဲ့နည်းလမ်း (Home Base Learning )ကို အင်တိုက်အားတိုက်လုပ်ဆောင်နေတယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုး‌ကြောင့် (Home Base Learning )ကို မလုပ်နိုင်ဘူးဆိုပါကလည်း အွန်လိုင်းမှာ အခမဲ့သင်တန်းတွေက တစ်ဆင့်သင်ယူနိုင်ပါတယ်။ ဒီလိုသင်ယူခြင်းက  ပြန်လည်တည်ဆောက်ရေးလုပ်တဲ့အခါ လိုက်မမှီတော့တာမျိုးမဖြစ်အောင်၊ ကွာဟလွန်းတာမျိုးမဖြစ်အောင် လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ပညာရေးကို ပြန်လည်ထူထောင်ရေးတွေ လုပ်တဲ့အခါ ကလေးကို တအားစာမနောက်ကျစေချင်ဘူးဆိုပါက အဆိုပါအချက်တွေကို အဓိက လုပ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ လက်ရှိလုပ်နေတဲ့ နေအိမ်အခြေပြုသင်ကြားခြင်း (Home Base Learning ) တွေ အွန်လိုင်းကတစ်ဆင့်သင်ယူခြင်းတွေကို မီဒီယာပေါင်းစုံကနေ ကလေးတွေ ဘာတွေသိထားသင့်သလဲဆိုတာ အသိပညာပေးဖို့ လိုအပ်ပါတယ်။ 

Photo: UNICEF Myanmar

ပြန်လည်ထူထောင်ရေးမှာ အရေးကြီးတဲ့ ကျောင်းပြင်ပ ပညာရေး

 ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ ကျောင်းပြင်ပပညာရေး Non Formal Education က အရေးကြီးလာပါတယ်။ ကလေးက ဘယ်အသက်အရွယ်မှာ ဘာတွေတတ်ထားသင့်သလဲဆိုတာ သိထားဖို့လို အပ်ပါတယ်။ ကျောင်းပြင်ပပညာရေးဆိုတာ ပညာလိုလားသူကလေးရဲ့ လိုအပ်ချက်နှင့်အညီ ကျောင်းစနစ်ကို ပြင်ပမှာ နည်းလမ်းတကျ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျောင်းပြင်ပပညာရေးမှာ အခြေခံ စာတတ်မြောက်ရေးနဲ့ စဉ်ဆက်ပညာရေးဆိုပြီး လုပ်ငန်းနှစ်ခုပါဝင်တယ်လို့ Myanmar Literacy Resource Center က ဖော်ပြပါတယ်။ စဉ်ဆက်ပညာရေးမှာ အစီအစဉ် ခြောက်ခုပါဝင်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးလုပ်ငန်းအစီအစဉ်၊ ဘဝသာယာရေးအစီအစဉ်၊ တစ်ဦးချင်းဝါသနာပါရာလုပ်ငန်းအစီအစဉ်၊ အနာဂတ်ဦးတည်ပညာရေးအစီအစဉ်နဲ့ ကျောင်းတွင်းပညာရေးနှင့် တန်းညှိအစီအစဉ် တို့ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ပဋိပက္ခကာလအပြီး ပြန်လည်ထူထောင်ရေးတွေ ပြန်လုပ်တဲ့အခါ ကျောင်းပြင်ပ ပညာရေးကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်တယ်လို့ Nway Oo Homeschooling ကဆိုပါတယ်။ ဥပမာ - ကလေးက ကျောင်းတွေ ပိတ်သွားတုန်းက အတန်းကို ကျောင်းပြန်ဖွင့်တဲ့အခါ ကလေးကို ကျောင်းပြင်ပပညာရေးနဲ့ အတန်းညှိပေးဖို့ လိုအပ်ပါတယ်။

Photo: UNICEF Myanmar

သက်မွေးပညာ အားကောင်းဖို့ ပိုမိုလိုအပ်လာ

သက်မွေးပညာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ကဏ္ဏတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သက်မွေးပညာ (Vocational Education) ပိုမိုအားကောင်းဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ တက္ကသိုလ်ပညာရေး ( Academic ) သွားဖို့ထက် သက်မွေးပညာရေးကို ပိုပြီး ဦးစားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံအတွက် လုပ်သားတွေ မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ပြန်လည်ထူထောင် ရေးတွေလုပ်တဲ့အခါ လူ့စွမ်းအားအရင်းအမြစ်တွေ လိုအပ်ပါတယ်။ အနည်းဆုံး ၁၀ နှစ်လောက် သက်မွေးပညာကို ဦးစားပေးပုံစံနဲ့ သွားသင့်တယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။ ” ဥပမာ- ရူပဗေဒ ဘာသာရပ်ကို စိတ်ဝင်စားတဲ့သူဆို ပညာရှင် ဖြစ်ဖို့ ရှားပါးလာလိမ့်မယ် နိုင်ငံကလည်း ပညာရေးမှာ အဲဒီလိုနဲ့ ပတ်သက်ပြီး ပေးနိုင်တာ ရှားလာလိမ့်မယ်။ ဘယ်လိုဟာတွေ ပေါ်လာမလဲဆို ဆေးထုတ်တဲ့စက်ရုံမှာ ဆေးအကြောင်းကို အနည်းငယ် နားလည်ပြီး ဆေးထုတ်တဲ့နေရာမှာ ကူနိုင်တဲ့လုပ်သားမျိုးတွေ များများ မွေးထုတ်ပေးဖို့ လိုသလို အဲဒီလိုဖြစ်ချင်တဲ့ လုပ်သားတွေ ပိုပြီးများလာနိုင်တယ်။ အဲဒါက ဘယ်ပုံစံနဲ့ တူလဲဆိုရင် ပြန်လည်တည်ဆောက်ရေးကာလတွေမှာ နိုင်ငံတွေကို ပြန်ကြည့်လိုက်ပါက စင်ကာပူလို နိုင်ငံ မျိုးတွေဆို Vocational Education အရမ်းဖွံ့ဖြိုးခဲ့တယ်။ သက်မွေးပညာရပ်နဲ့ နိုင်ငံ့ပညာရေးယိုပေါက်တွေကို ဖြည့်ရပါမယ်” လို့ Nway Oo Home Schooling ကဆိုပါတယ်။ 


ဒါကြောင့် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ ပထမအချက်ကတော့ အခုချိန်မှာ Home Base Learning နဲ့ သင်ထားသင့်တယ်။ နောက်တစ်ခုက Online Free Classတွေနဲ့ သင်ကြားထားသင့်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာတော့ Non Formal Education စနစ် နဲ့ မြန်မာနိင်ငံရဲ့ ပညာရေးစနစ်ကို စီမံချက်ချဖို့ စီစဥ်သင့်ပါတယ်။ တတိယအချက်နဲ့ သက်မွေးပညာရပ်တွေ ခေတ်စားလာလိမ့်မယ်” လို့ Nway Oo Home Schooling က အကြံပြုပါတယ်။  


Share

Loading Next Article...
က္က