အိမ်ကွင်းမှာတင် သုံးဂိုးပြတ်ရှုံးထားတာပါ။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ မနေ့ညက အတ္တလန်တာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့က အသင်းအတွက် တော်တော်လေး ဆိုးရွားတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့ရပေမယ့် လီဗာပူးတို့ သုံးဂိုးပြတ်နဲ့ ဂိုးပြတ်ရှုံးခဲ့တာပါ။



အဲ့ဒါကြောင့်လည်း နောက်တစ်ဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်နည်းသွားခဲ့ပြီး ကလော့ပ်ကတော့ အသင်းရဲ့ခြေစွမ်းကို အကြီးအကျယ် စိတ်ပျက်နေခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ကလော့ပ်က “တော်တော်လေး ဆိုးရွားတဲ့ပွဲတစ်ပွဲပါ။ ဘုရားတောင် တ ရပါတယ်။ ရှုံးဖို့လည်း ထိုက်တန်ခဲ့ပါတယ်”

“အတ္တလန်တာကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ အဝေးကွင်းမှာ ပြန်နိုင်မလားဆိုရင် ကောင်းကောင်းကစားရင်တော့ နိုင်မှာပေါ့ဗျာ။ သုံးဂိုးပြတ်နဲ့ နိုင်မလားဆိုရင်တော့ ကျွန်တော့်ဆီမှာ အဖြေမရှိပါဘူး။ အခု ကျွန်တော်တို့ ပြန်ပြီး အားပြည့်ဖို့ ကြိုးစားရပါမယ်။ ဒီပွဲအတွက် သေချာပေါက်ကို ဆိုးဆိုးရွားရွား ခံစားရပါလိမ့်မယ်”

“ဒါက အရေးကြီးတဲ့အချက်ပါ။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ကျွန်တော်တို့က ဆိုးရွားတဲ့ ကစားပုံကို ပြသခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ အဲ့ဒီနောက် အခု ယူရိုပါလိဂ်ကနေပါ ထွက်ရမလိုဖြစ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီး၊ အာဆင်နယ်တို့နဲ့ အပြိုင်ဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နဲ့ သရေကျခဲ့တာကြောင့်လည်း အမှတ်ပေးဇယား ဦးဆောင်သူနေရာကို အာဆင်နယ်ထံ လက်လွှဲပေးလိုက်ရပါသေးတယ်။

Share

Loading Next Article...
က္က