၁၀ ရာသီဆက်တိုက်ကို အမှတ်ပေးဖလားတွေ ဆွတ်ခူးခဲ့တာပါ။

ဘွန်ဒက်လီဂါမှာတော့ ဘိုင်ယန်မြူးနစ်က ဒ​ေါ့မွန်ကို အပီအပြင်ဖြုတ်ပြီး အမှတ်ပေးဖလားကို ထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပါပြီ။ ဂျာမန်ဘီလူးကြီးအတွက်တော့ အမှတ်ပေးဖလားက သူတို့လက်ခုပ်ထဲကရေ၊ ပလိုင်းထဲကဖားဆိုသလိုပဲ သွန်လိုသွန်၊မှောက်လိုမှောက်ပါပဲ။ ဒေါ့မွန်တို့က ရာသီအစောပိုင်းလောက်မှာသာ ဖိအားပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တကောင်တည်းပြေးနေတဲ့ မြင်းဖြစ်နေခဲ့တာပါ။ 

ထူးခြားတာကတော့ ဘိုင်ယန်တောင်ပံကစားသမားကိုးမန်းရဲ့ မှတ်တမ်းပါ။ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ ပြင်သစ်ကြယ်ပွင့်ဟာ ဘိုင်ယန်နဲ့အတူ အမှတ်ပေးဖလားထပ်မံဆွတ်ခူးနိုင်ခဲ့အပြီးမှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ရဲ့ ဘောလုံးရာသီတိုင်းမှာ အမှတ်ပ​ေးဖလားဆွတ်ခူးနိုင်တဲ့ စံချိန်ကို ထပ်မံပြီးတော့ သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ 

ပီအက်စ်ဂျီကစားသမားဘ၀မှာ ၂ ကြိမ်၊ ဂျူဗင်တပ်စ်နဲ့ ၂ ကြိမ်၊ ဘိုင်ယန်နဲ့အတူ ၇ ကြိမ်အထိ သူက ဆက်တိုက်ရရှိခဲ့တာပါ။ ၂၀၁၅-၁၆ ဘောလုံးရာသီမှာဆို တရာသီတည်းနဲ့ စီးရီးအေနဲ့ ဘွန်ဒက်လီဂါဖလားကို တပြိုင်တည်းရရှိခဲ့တာပါ။ ဂျူဗီကနေ ဘိုင်ယန်ကို သူ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးရီးအေမှာ ချန်ပီယံအသင်းသားအဖြစ် မှတ်တမ်းသွင်းနိုင်မယ့် ပွဲအရေအတွက်ကို ကစားခဲ့လို့ အခုလို ဖလား ၂လုံးရခဲ့တာပါ။ 

ကိုးမန်းရဲ့ မှတ်တမ်းကတော့ သူ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာချိန်ကစပြီး လက်ရှိအချိန်ထိ ဘယ်ကစားသမားကမှ မလုပ်ပြနိုင်သေးဘူးလို့လည်း ယုံကြည်ရပါတယ်။ ၁၀ ရာသီဆက်တိုက် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဓိကကစားသမားအအဖြစ်နဲ့ပါ ပါဝင်ခွင့်ရခဲ့တာဖြစ်လို့ ပိုမိုဂုဏ်ယူဖွယ်ရာလည်း ဖြစ်နေခဲ့ပါတယ်။ 

Share

က္က