ဘယ်လင်ဟမ်က အသင်းအတွက် ဆက်တိုက်ခြေစွမ်းပြနေတာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ဂျီရိုနာကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါအဝေးကွင်းပွဲမှာ သူ့ရဲ့လှပတဲ့ ဂိုးဖန်တီးမှုကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ နာမည်ပြောင်ပေးခြင်းကို ခံလိုက်ရပါတယ်။ ဒီပွဲမှာ ဘယ်လင်ဟမ်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။



ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၁၅) သန်းနဲ့ ရောက်ရှိလာခဲ့သူပါ။ သူဟာ အသင်းအတွက် ပထမဆုံး (၈) ပွဲမှာတင် (၇) ဂိုးအထိ သွင်းယူပေးနိုင်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသထားပါတယ်။


ဒါ့အပြင် ဂျီရိုနာနဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ဟိုဆေးလူအတွက် လှပတဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ အသင်းဖော် ဝါရင့် ကစားသမားကြီး မိုဒရစ်စတိုင် Outside Foot နဲ့ ဟိုဆေးလူအတွက် ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး ဒီဖန်တီးမှုကိုလည်း ဟိုဆေးလူက အဆုံးသတ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ပြိုင်ဘက်ကွင်းရဲ့ ဘယ်ခြမ်းကတစ်ဆင့် အခုလိုမျိုး ဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ မိုဒရစ်ဆီက ပညာတွေ ရရှိထားတာလို့ ပရိသတ်တွေက အမွှန်းတင်နေကြပါတယ်။ မိုဒရစ်ကလည်း အလားတူ ပုံစံမျိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ဘယ်လင်ဟမ်နဲ့ အသင်းဖော်အဖြစ် ရှိနေပါတယ်။


အဆိုပါ ဂိုးဖန်တီးမှုကို မြင်တွေ့ခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေက “ဂျုဒ်လူကာဘယ်လင်ဟမ်” လို့ဆိုပြီး ဘယ်လင်ဟမ်ကို နာမည်အသစ်တစ်ခု သတ်မှတ်ပေးခဲ့ပါတယ်။ ဂျုဒ်ဘယ်လင်ဟမ်ကတော့ ဘယ်လင်ဟမ်ရဲ့ နာမည်အရင်းဖြစ်ပြီး လူကာဆိုတဲ့ နာမည်ကတော့ မိုဒရစ်ရဲ့နာမည် ရှေ့စာလုံးကို ယူဆောင် သုံးနှုန်းထားတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က