တူဟယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ငြီးတွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေဟာ အသင်းနည်းပြ တူဟယ်လ်နဲ့ ပတ်သက်လို့ စည်းကမ်းအသစ်တွေ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။ တူဟယ်လ်ဟာ လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။



အဆိုပါ ဂျာမနီလူမျိုးနည်းပြဟာ အသင်းလူစာရင်းနဲ့ပတ်သက်လို့ ကျေနပ်အားရမှုမရှိကြောင်း ငြီးတွားခဲ့ဖူးပြီး ဒီအပေါ်မှာ အသင်းတာဝန်ရှိသူတွေက စိတ်ပျက်နေတာပါ။ တူဟယ်လ်ဟာ ဟယ်ရီကိန်းကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ပိုင်းအတွက် တူဟယ်လ် စိတ်ကြိုက်ကစားသမားကို ခေါ်ယူပေးနိုင်ခြင်းမရှိဘဲ အပြောင်းအရွှေ့ရာသီက အဆုံးသတ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း တူဟယ်လ်က အသင်းရဲ့ ကစားသမားအင်အားကို စိတ်တိုင်းမကျဖြစ်နေပြီး ဒီအကြောင်းတွေကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေဟာ တူဟယ်လ်နဲ့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ တူဟယ်လ်ရော၊ အသင်းဘက်ကပါ အမှားအယွင်းတွေ ပြုလုပ်ခဲ့ကြောင်း အပြန်အလှန် ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ထိပ်သီးပိုင်းတာဝန်ရှိသူတွေဟာ တူဟယ်လ်နဲ့ပတ်သက်လို့ စည်းကမ်းတွေကိုပါ တစ်ပါတည်း အသိပေးခဲ့ပါတယ်။

တူဟယ်လ်အနေနဲ့ အသင်းရဲ့ ကစားသမားအင်အားနဲ့ ပတ်သက်လို့ ငြီးတွားမှုတွေ ထပ်မံမပြုလုပ်ဖို့၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ အသင်းတာဝန်ရှိသူတွေက သတိပေးခဲ့ကြောင်း သိရှိရပါတယ်။ တူဟယ်လ်အနေနဲ့ အသင်းဟောင်း ချဲလ်ဆီးမှာလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့နောက် အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရဖူးပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က