အသင်းဟောင်းခြေစွမ်းအပေါ် အလိုမကျဖြစ်နေတာပါ။

ပေါလ်စခိုးကတော့ အသင်းဟောင်းခြေစွမ်းအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ရင်ဆိုင်ဖို့ မလွယ်ဘူးလို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။


အတ္တလန္တာနဲ့ပွဲစဉ် ပထမပိုင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ဆိုပါက ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ပွဲမှာ ပထမပိုင်းမှာပဲ လေးဂိုးအထိ သွင်းယူခံရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲမှာတော့ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းရဲ့ ၂-၀ နဲ့ ဦးဆောင်မှုကိုခံခဲ့ရတာဖြစ်ပြီး တစ်ဦးချင်းရော၊ အသင်းလိုက်ကစားပုံမှာပါ မယှဉ်ပြိုင်နိုင်ခဲ့ဘဲ ရှိနေခဲ့ပါတယ်။ 



ဒုတိယပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပြီး ဆိုးလ်ရှားလည်း ဖိအားတွေအောက်က ရုန်းထွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေါလ်စခိုးကတော့ အသင်းဟောင်းခြေစွမ်းအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ရင်ဆိုင်ဖို့ မလွယ်ဘူးလို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။

"ကျွန်တော် အခုလိုပြောတာတွေအတွက် ပရိသတ်တွေအမြင်မှားနိုင်ပါတယ်၊ ကံမကောင်းရင်တော့ အထိုးတောင်မှ ခံရမယ့်ကိန်းပါ၊ ဒါပေမယ့် ကျွန်တော် အတ္တလန္တာနဲ့ပွဲကိုကြည့်နေရင်း လီဗာပူးလ်နဲ့ပွဲအကြောင်း တွေးနေမိခဲ့ပါတယ်၊ ပထမပိုင်းမှာ ယူနို်က်တက်ကစားသွားပုံက ကျွန်တော့်အတွက်တော့ တကယ့်ကိုရွံစရာပါ၊ ကွင်းလယ်လူနှစ်ဦးက သူတို့ရဲ့ ကွင်းဘက်ခြမ်းမှာပဲရှိနေခဲ့ပြီး မန်စီးတီး၊ လီဗာပူးလ်တို့နဲ့သာဆို ပထမပိုင်းမှာပဲ လေးဂိုးလောက်ပြတ်သွားပါလိမ့်မယ်"

"တိုက်စစ်ပိုင်းမှာ စိတ်လှုပ်ရှားစရာတွေမြင်ခဲ့ရတာကတော့ မှန်ပါတယ်၊ ဒါပေမယ့်လည်း ပထမပိုင်းက ပြောခဲ့သလိုပါပဲ တကယ်စိတ်ပျက်စရာပါ၊ ကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ သူတို့တွေပြန်လာနိုင်ခဲ့ပေမယ့်လည်း ဂိုးတွေအများကြီးပေးခဲ့ရတယ်၊ အရည်အသွေးမြင့်ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန်မှာ အဲဒီလိုလုပ်လိုက်လို့ကတော့ အဲဒီပွဲကို သူတို့နိုင်စရာအကြောင်း ဘာအကြောင်းမှမရှိပါဘူး" လို့ ပေါလ်စခိုးက BT Sport က တဆင့် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကတော့ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးလ်က အမှတ်ပေးပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ တစ်ပွဲကို ၃ ဂိုးနှုန်းသွင်းယူနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က