သူတို့ကစားသမားဟောင်းပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ သူတို့ရဲ့ ကစားသမားဟောင်း ဇာဗီဆိုင်မွန်စ်ကို ယူရို ၆ သန်းတည်းနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါပြီ။ ဟော်လန်ကလပ် ပီအက်ဗွီအတွက် ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဒီကစားသမားကို စာချုပ်ပါသဘောတူညီချက်အတိုင်း စာချုပ်ဖျက်သိမ်းကြေးပေးပြီးတော့ ခေါ်ယူနိုင်ခဲ့တာပါ။ 

ဇာဗီဆိုင်မွန်စ်က ပီအက်စ်ဂျီမှာ နေရာမရလို့ ဟော်လန်ကလပ်ကို ပြောင်းခဲ့တာပါ။ ဘာကာလူငယ်ကစားသမားဟောင်းလည်းဖြစ်ပြီး ဟော်လန်မှာ သူ့ကို နစ္စတယ်ရွိုင်းက နေရာပြောင်းကစားစေခဲ့ပြီးတော့ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တဦးအဖြစ်ရောက်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ PSV အတွက် သူက ၄၈ ပွဲကစားပြီး ၂၂ ဂိုးသွင်း၊ ၁၂ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ ဂက်ခ်ပိုက လီဗာပူးလ်ကို ပြောင်းရွှေ့သွားခဲ့ပေမယ့် ဇာဗီဆိုင်မွန်စ်ကြောင့် PSV တို့ အထိုင်မပျက်ခဲ့ဘဲ ဖလား ၂လုံးဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားလည်း ကျော်ကြားလာခဲ့ပါတယ်။ 

ဒါကြောင့်လည်း ဥရောပထိပ်တန်းလိဂ် ၇ ခုက အသက် ၂၁နှစ်အောက် ကစားသမားတွေထဲမှာ ဇာဗီက ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဖြစ်လာခဲ့ပြီး အားလုံးက သူ့ကိုစောင့်ကြည့်ခဲ့ရပါတယ်။ အခုတော့ ဇာဗီကို ရောင်းချခဲ့စဉ်က ပါဝင်ခဲ့တဲ့ စာချုပ်ပါ ပြန်လည်ဝယ်ယူခွင့်အချက်နဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆ သန်း သာပေးရမယ်ဆိုတဲ့ အချက်ကို ကိုင်စွဲပြီး ပီအက်စ်ဂျီက ပြန်လည်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

သူ အသင်းကြီးမှာ ကစားရမလား၊ ဒါမှမဟုတ် အငှားချခံရဦးမလားတော့ မသေချာသေးဘဲ နေမာနဲ့ ဘတ်ပီတို့ရဲ့ အနာဂတ်ပေါ် မူတည်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။ ဒါပေမယ့် ဘာကာလူငယ်ကစားသမားဟောင်းဖြစ်လို့ ဘာကာနည်းပြဟောင်း အင်းနရစ်က သူ့ကို နေရာပေးနိုင်ဖွယ်လည်းရှိပါတယ်။ 

Share

Loading Next Article...
က္က