ကလပ်အသင်းအဆင့်မှာ ပွဲထွက်ကစားခွင့် အကန့်အသတ်နဲ့ ရရှိနေပေမယ့် အင်္ဂလန်မှာတော့ ဆောက်ဂိတ်လက်အောက် ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ၎င်းရဲ့ ကလပ်အသင်းက ခြေစွမ်းကို ကာကွယ်ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ကစားသမားတွေအားလုံး ဆိုးရွားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမပွဲထွက်နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက် ပါဝင်ကစားခွင့်ရရှိနေတာဖြစ်ပြီး ကလပ်အသင်းအဆင့်မှာ ပွဲထွက်ကစားခွင့် အကန့်အသတ်နဲ့ ရရှိနေပေမယ့် အင်္ဂလန်မှာတော့ ဆောက်ဂိတ်လက်အောက် ပုံမှန်ပွဲထွက်ခွင့် ရရှိနေတာဖြစ်ပါတယ်။

 

“အင်္ဂလန်မှာ ကျွန်တော် အသိအမှတ်ပြုခံရတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် နားထောင်။ ကျွန်တော်က ဗဟိုခံစစ်ကစားသမားတွေ အများကြီးနဲ့ အလုပ်လုပ်နေတဲ့ ဂါးရတ်ကို သက်သေပြသခဲ့ပြီးပါပြီ။ သူက နိုင်ငံထဲက အင်္ဂလိပ်ဗဟိုခံစစ်ကစားသမားတွေအားလုံးကို ရွေးချယ်လို့ရပြီး ကျွန်တော် ပါဝင်ကစားပေးနိုင်တဲ့အချိန်တိုင်း အသင်းထဲမှာ ကျွန်တော် ရွေးချယ်ခံခဲ့ရတယ်။ ခင်ဗျား ကျန်တဲ့လူတွေအားလုံးကို ကျွန်တော်က အသင်းထဲကို ဘာတွေ ယူဆောင်ပေးနိုင်လဲလို့ မေးရင် သူတို့တွေ သိကြမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ ကျွန်တော်က အသက် ၃၀ အရွယ်ရှိပါပြီ။ ဒီလိုအဆင့်အတန်းမှာ ကျွန်တော့်ကိုယ်ကို သက်သေပြသဖို့ မလိုအပ်တော့ပါဘူး။ ကျွန်တော် လက်ရွေးစင်အတွက် ပွဲ ၅၀ ကျော် ကစားပေးထားပြီး အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး နောက်ခံကစားသမားပါ။ ကျွန်တော် မန်ချက်စတာယူနိုက်တက်အတွက် ပွဲ ၂၀၀ နီးပါးကစားခဲ့ပါတယ်။ ကျွန်တော် အခုဆိုရင် အသင်းခေါင်းဆောင်ဖြစ်ခဲ့တာ ၃ နှစ်ရှိပါပြီ။ ဒါပေမယ့် ခင်ဗျားက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်နေတဲ့အခါမှာ အပြင်းထန်ဆုံး ပြစ်တင်ဝေဖန်မှုတွေခံရမှာပါ။ ပြီးခဲ့တဲ့ရာသီ ကလပ်အသင်းအဆင့်မှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အားလုံးနဲ့အတူပဲ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး”လို့ ပြောကြားသွားခဲ့တာာဖြစ်ပါတယ်။

Share

Loading Next Article...
က္က