မြို့လယ်မှာ ယာဉ်ကြောကျပ်တာသက်သာဖို့နဲ့ ညဈေးဟောင်းအနီးက အစိုးရရုံးနေရာတွေ ရှင်းလင်းစေဖို့ အခုလိုပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့သိရပါတယ်။

ပြည်မြို့လယ်ခေါင် ဗိုလ်ချုပ်ကျောက်ရုပ်အနီးက ညဈေးတန်းကို ပြည်မြို့ကမ်းနားလမ်း ၊ဆင်စုရပ်ကွက်ကို ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။



မြို့လယ်မှာ ယာဉ်ကြောကျပ်တာသက်သာဖို့နဲ့ ညဈေးဟောင်းအနီးက အစိုးရရုံးနေရာတွေ ရှင်းလင်းစေဖို့ အခုလိုပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - CJ

 အသစ်ပြောင်းရွှေ့ဖွင့်လှစ်လိုက်တဲ့ ညဈေးတန်းကို ခေတ္တရာညဈေးတန်းလို့ အမည်ပေးထားပြီး ညနေ ၄ နာရီကနေ ည ၉ နာရီအထိကို ကားလမ်းပိတ်ပြီး ဈေး ဖွင့်ခွင့်ပြုထားတယ်လို့သိရပါတယ်။

" အစားအသောက်တွေ အသုပ်ဆိုင်တွေ၊အကင်ဆိုင်တွေကတော့ အဲဒီအသစ်ဘက်ကိုအကုန်ရွှေ့သွားရတယ်။ မနေ့ကစဖွင့်တာပေါ့။ အန်တီတို့ကတော့ ပြည်ထွက်ပစ္စည်းလက်ဆောင်ဆိုင်ဆိုတော့ မပြောင်းဘူး။ ဒီဆိုင်ရှေ့လေးမှာပဲ ဖွင့်နေတယ်။ ဟိုဘက်မှာတော့ စားစရာဆိုင်အကုန်ရသွားတာပေါ့" လို့ ပြည်မြို့ညဈေးတန်းမှ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - CJ

ညဈေးတန်းမှာ ဈေးရောင်းချသူတွေကို အခွန်အခအနေနဲ့ ထပ်မံကောက်ခံခြင်းမရှိဘဲ အရင် ညဈေးဟောင်းမှာ ပေးဆောင်ရတဲ့ ဈေးကောက်ခပဲ ပေးရတာဖြစ်ကြောင်း၊ ဆိုင်အတွက် အမိုးမရှိတဲ့သူတွေကတော့ အမိုးငှားခ ကို ထပ်မံပေးဆောင်ရတယ်လို့ သိရပါတယ်။

" အခွန်ကတော့အရင်ကပေးသလိုပဲပေးရတယ်၊ တိုးပေးရတာမရှိဘူး။ အခုကဘယ်လိုဖြစ်သွားလဲဆိုတော့ ကမ်းနားတလျှောက် ရောင်းတဲ့ဆိုင်အကုန် အဲဒီမှာဖွင့်ရတဲ့သဘောပေါ့။ သစ်သီးဆိုင်ဘာညာအကုန်ပါတယ်။ အဝတ်အစားတောင်ပါသေးတယ်" လို့ ဈေးသည်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ - CJ

အဆိုပါ အသစ်ဖွင့်တဲ့ ခေတ္တရာညဈေးတန်းမှာ အစားအသောက်ဈေးဆိုင်ခန်းတွေအပြင် အပန်းဖြေနိုင်တဲ့ နေရာတွေလည်းပါဝင်ကြောင်း၊ မီးအလှဆင်မှုတွေလည်း ရှိတာကြောင့် ဈေးပွဲတော်တစ်ခုလို အနားယူရင်းစားသောက်နိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ယခု ဖျက်သိမ်းလိုက်တဲ့ ပြည်မြို့ကညဈေးတန်းအဟောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်ကတည်းက ရှိခဲ့တဲ့ ညစျေးးဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က